အဓိပ္ပါယ်ဖွင့်ဆိုကြည့်ခြင်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 11, 2010

အဓိပ္ပါယ်ဖွင့်ဆိုကြည့်ခြင်း


 
 
တို့ရပ်မြေမှာ
အရိုးစွဲထင်ကျန်နေတာက
လည် သူစား အ သူခံ
မမြင့်မြတ်အတဲ့ကြံ
နေရာယူအောင်လံလွှင့်ထူနေကြဆဲ ။

လူရိုးဆိုတာ
သချိုင်္င်းမှာပင်မရှိဘူး
ဆေးဖေါ်၍ကုန်ခဲ့ပြီတဲ့
ရိုးသားမှုကိုဖိနှိုပ်သံ
လှောင်ပြောင်ဟားတိုက်နေကြဆဲ ။


ဘဝင်မကျရင်မှာ
ပြင်းပြနာကျဉ်ခံခက်တာက
ရိုးသားကြိုးစားခြင်းနှင့်
မရိုးမသားခိုးစားခြင်းမှာ
လူဆိုတဲ့ငါ….

မိုးခါးရေပဲသောက်မလား
ရေကြည်စစ်စစ်ပဲသောက်မလား

နောက်ပြီး….
ကိုယ်ကျင့်တရားကိုမြဲခိုင်စေမလား
ကိုယ်ကျင်းတရားကိုယိမ်းယိုင်စေမလား
စသည်..စသည်ဖြင့်ပေါ့ ။


သြတ္တပ္ပကစကားဆို
မှန်တာလုပ်ဟုတ်တာပြော
ရိုးရိုးကျင့်မြင့်မြင့်ကြံ
အသံတွေကြား
ငါဗျာများခဲ့ရပေမဲ့
တကယ်မှာပြောဘို့မလို
ဗြဟ္မာစိုရ်တရားကိုအကုန်သိ
ရိုးသားမှုကိုမြတ်နိုင်းကြင်
အမှန်ချစ်ခင်တတ်လေပါမှ
ဧကန်ဧကလူပီသပေမပေါ့ ။



ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages