Saturday, February 6, 2010

ဘဝ


"ဘ၀ "

အပြောလွယ်

အရေးလွယ်

အမေးလွယ်

ဖြေကြတော့လည်းခပ်လွယ်လွယ်...

လွယ်မယောင်နဲ့ခက်

တိမ်မယောင်နဲ့ နက်

လူဘ၀အဖြစ်

ချင့်ကာတွက်တော့


တချို့ ကဘ၀အသစ်အစစ်နှင့်

အချို့ ကဘ၀တွေပျက်.......

ဘ၀ကိုအမြဲပင်

သင်္ချာနဲ့ တွဲကာမြင်ရင်တော့

"ဘ၀ "ပျောက်ကာ

"၁၁၀ " သာ

ဖြစ်ရမှာနော်.....

"ဘ၀ "နင့်ရင်းကာ

"၁၁၀"ဖြစ်လိုပါက

ချင့်ချိန်တွေးဆချက်

လူဟာလေမရှိမဖြစ်မို့ 

ရေးသင့်သာတာရေး

တွက်သင့်မှတွက်ချက်ပေး

သမာသမတ်ကြတတ်မှ

ဘ၀ကလေဌါန်ကရိုင်းကြ ။ ။