Sunday, February 14, 2010

အပိုင်းအစမှတ်တမ်းကလေးများ


မှတ်တမ်း ( ၁ )
"နွေခေါင်းခေါင်မှာ မိုးတွေများရွာနေတော့တာလား ငနွေ"
" မဟုတ်ရပါဘူးဆိုလည်း မင့်ယုံမှာပါ့ မဟုတ်တာကွာ ငါဘယ်လိုပြောရတော့မှာလည်း "
"အေးပေါ့ကွာ မင့်လည်း မှန်မယ်ထင်ရာကို ရွေးတာဆိုတော့ ငါလည်း ဘာမှ မပြောလိုတော့ပါဘူးလေ ဘာပဲဖြစ်ဖြစ် လမ်းဆုံးလို့ ရွာမတွေ့ ရင်တော့ ပြန်ခဲ့ပေါ့ကွာ မဟုတ်ဘူးလား "

ပြောပြီးသည်နှင့် ထွက်ခွါသွားသော ကောင်းမြတ်အား သူငေးကြည့်နေမိရင်း ပြန်တွေးတော့ ကိုယ်လည်းသူ့ နေရာမှာ ဆိုပါက ထပ်တူခံစားနေမိမည်ကို အမှန်ခံစားမိသည် ။ ငယ်စဉ်တောင်ကျေး ခလေးဘဝမှ အတူစား အတူသွား ငယ်ပေါင်းကြီးဖက်တွေမို့ အချိန်နှင့်ဒီရေက လူကိုမစောင့် ပေမဲ့ အမှန်နှင့် အမှားကို တော့ အချိန်က အဆုံးအဖြတ်ပေးသွားပေလိမ့်မည် မဟုတ်ပါလား ၊
" ဟေ့ မောင်နွေဦး ဘယ်သွားမလို့ လည်းကွ မင့်အိမ်ကိုရောက်ရင် မင့်အမေကို အားရင်အိမ်လာလည်ပါဦးလို့ ပြောလိုက်ပါဦးကွာ "
" ဟုတ်ကဲ့ပါ ဦးကျော် ပြောလိုက်ပါ့မယ်"
အိမ်ရောက်သည်နှင့် အမေ့အား အကြိုးအကြောင်းပြောပြပြီးနောက် သူရေမိုးချိုးလိုက်သည် ။ ထို့ နောက်ညီမလေးပြင်ထားသော ထမင်းဝိုင်းတွင် ဝင်စား အနားယူလိုက်သည် ။
အိပ်ရာပေါ် ရောက်နေပေမဲ့ စိတ်က ကောင်းမြတ်အကြောင်း သာမက ငယ်စဉ်အကြောင်းကိုပြန်တွေးတော့ သူရယ် ကောင်းမြတ်ရယ်က ဆိုးတူကောင်းဖက် ပုခုံးခြင်းယှဉ်ကြီးပြင်းခဲ့ကြသလို အတူဝေမျ သူ့ အိမ် ကိုယ့်အိမ် မခြား အိုးနိုက် ခွက်နိုက် စားခဲ့ကြသူတွေဖြစ်တော့ သွားအတူ စားအတူပါလေ။  ဒါကြောင့်လည်း ကောင်းမြတ်က စိတ်မကောင်းခြင်းဖြင့် သူ့ အိမ်ကို လာရန်ခေါ်ပြောခဲ့ခြင်းပင်ဖြစ်သည် ။
"သားမအိပ်သေးဘူးလားကွာ စဉ်းစားနေလိုက်တာ ဘာအကြောင်းတွေများလည်းကွ အဖေ့ကိုပြောပါဦး "
" ဘာရယ်လို့  မဟုတ်ပါဘူးအဖေရာ "
" အေးအေး ဒါဆိုလည်း အိပ်တော့လေ မနက်ဖြန် တောင်ငူကိုသွားစရာရှိသေးတယ်မဟုတ်လား "
" ဟုတ်ကဲ့ပါ အဖေ"
 
မှတ်တမ်း ( ၂ )
" အမေ သားရန်ကုန်မသွားခင် လာမဲ့ရက်မှာ တရားစခန်းရှိတယ် တရားနာဘို့  လိုက်ခဲ့ပါလား အမေ "
" မလိုက်ချင်ပါဘူးဟယ် ပေါက်ပေါက်ရှာရှာ မအားပါဘူး"
" အမေရယ် သားပြောသလို တမလွန်အရေးဆိုတာက လူမျိုးရေး ဘာသာရေး နိုင်ငံရေး နှင့်လားလားမှ မဆိုင်ပါဘူးအမေရယ် နောက်ပြီး သူများပြောတိုင်း ချိုတယ် ။ ခါးတယ် မဟုတ်ပဲ လက်တွေ့  တရားနာကြည့်ပြီးမှ လက်ခံပါ အမေ"
" ငမောင်ရယ် ဘားတွေများ ထပ်ထပ်ပြီး လာပြောနေရတာလည်း မသိပါဘူး ငါ့နှယ်စိတ်ညစ်လိုက်တာ နော် ငမောင်ရေ အမေဒီ အသက်အရွယ်ကြီးကျမှတော့ မလိုက်ပါရစေနဲ့ တော့ကွယ် "
သားနှင့် အမိဖြစ်သည်ကတကြောင်း ၊ ဘာသာရေးဆိုသော အမြင်ဖြင့်တကြောင်း သူမိခင်ဖြစ်သူအား ဘယ်လိုမှ ဧဝံဂေလိတရားစခန်းအား သွားရောက်နာယူရန် ပြောဆိုမရနိုင်သောကြောင့် စိတ်ပင်ညစ်မိပါပြီ ၊ တရားစခန်း အတွက် သတ်မှတ်ထားသော ရက်ရောက်လာလေ သူပို စိတ်လှုပ်ရှားလေပင် ဖြစ်သည်။အမေ့အား မည်ကဲ့သို့  ပြောရပါမည်နည်း ။ ကောင်းမြတ်သော မိခင်အား အဘယ်ကျေးဇူးမျိုးမှ မဆပ်နိုင်ရင်တောင်ကား နောင်ရေး တမလွန် အတွက်တော့ စိတ်အေးစေချင်ပါသည် ။ ယခုဘဝမှာလည်း ခက်ခဲ့ နောင်ဘဝမှာလည်း အခြေအနေဆိုးရမည့် ဘဝမျိုးကိုကား သူဘယ်လိုမှ မလိုလားပါလေ ။ ရခဲလှ သောဘဝမှာ လူဖြစ်ကျိုးတော့ နပ်စေချင်သည် ၊
" ဘုရားရှင် အမေ့ကို ဘာပဲဖြစ်ဖြစ် တရားစခန်းမှာ တက်ရောက်ခွင့်ပေးပါ ဘုရား "
ဖြစ်လာသော အမှုအရာအား ခရစ်တော်လက်တွင် အပ်နှံရင် သူစိတ်ချလက်ချ အိပ်လိုက်သည်၊
မှတ်တမ်း ( ၃ )
" ပင်လယ်ထဲမှာ သင်္ဘောပျက်ကိန်း ဆိုက်ခဲ့သူပါ ဘယ်သူ့ ကို အားကိုးရမှာတုန်း လှိုင်းကြီးတော့ လှေကြီးအောက်လို့  စကားပုံရှိပေမဲ့ လှေကြီးလည်း လှိုင်းအောက်ရောက်နိုင်တယ် ။ ကန္တာရထဲမှာ လမ်းစပျောက်သော ခရီးသွား ဧည့်သည်ပါ ဘယ်သူ့ ကို အားကိုးရမှာတုန်း ဖဝါးအောက်မှာ မြေကြီး ရှိတော့ မြေကို နင်းနိုင်လည်း မြေကြီး အောက် တနေ့တော့ ရောက်မှာပဲ။သင်္ခါရကို စီးခြင်းယှက်ထိုး အရှုံးပေးသူတွေ သခင်ယေရှုကို အားကိုးကြည့်ပါဦး လူသားတိုင်းကို ကိုယ်စားပြုခဲ့သင်္ခါရတိုက်ပွဲ အနိုင်ရခဲ့ တဖက်သတ် သူ့ အောင်ပွဲ "
ရေဒီယိုကလေးအားခြံစည်ရိုးတိုင်ပေါ်တွင် ချိတ်ထားရင်း အိမ်ရှိ သီးပင် စားပင်ကလေးတွေ သူရေလောင်းပေါင်းသင်နေစဉ် .
" ငမောင် သားရေ ထမင်းစားတော့မယ်လေ လာတော့ ညနေမှ ပြန်ဆက်လုပ်ပေါ့  "
" ဟုတ်ကဲ့ အမေ"
အမေနှင့် အတူထမင်းဝိုင်းမှာ တရားစခန်းအတွက် မပြောဖြစ်တော့ ပေမဲ့ သူ အမေ့သဘောကို တီးခေါက်ကြည့်တော့ လုံးလုံး မလိုက်ရန် ဆုံးဖြတ် ထားသည်ထင်. ၊ ထမင်း ဝိုင်းမှ အပြီး တွင် သူအမေ့အား အသာအယာ အကဲခတ်နေမိသလို အမေကလည်း သူ့ ကို အကဲခတ်နေသည်ထင်. ၊
" အမေ တရားစခန်းကို နေ့ ခင်း ၂ နှာရီကြရင် သွားကြတော့ မှာ အမေလည်း လိုက်သွားပေးပါလား အမေရယ် သား အိမ်အတွက် တာဝန်ယူနိုင်ပါတယ်"
"မလိုက်ချင်ပါဘူး ငမောင်ရယ် "
" အမေရယ် အမေ ယုံကြည်မှ လက်ခံပါ ဘာပဲဖြစ်ဖြစ် လိုက်သွားစေချင်တယ် သားလည်း လာမဲ့ အပါတ်ဆို ရန်ကုန် ကျမ်းစာကျောင်းသွားတော့မှာ မို့ ပါ ၊ အခွင့်အရေးလည်း နောက်ရချင်မှ ရတော့မှာ နော့ အမေ "
" ငမောင်ရယ် သားယုံရင် သားကိုးကွယ်ပေါ့ ဘာကြောင့်  ခဏခဏ ပြောနေရတာလည်း"
" အမေရယ် သားအမေ့ကို မကောင်းတဲ့လမ်းကိုတော့ ဘယ်တော့ မှ မပို့ ဘူးဆိုတာ ယုံကြည်ပါအမေရယ်"
သူစကား ဆက်ဆိုနိုင်တော့ လူက မငိုပေမဲ့ ပါးပြင်ထက်က ကျဆင်းလာသည့် မျက်ရည်တွေကြောင့် သူထိမ်းနေသည့်ကြားမှ ငိုသံက စွက်ပါလာလေတော့သည် ၊
" အမေရယ် လောကမှာ လူဖြစ်ရတာ ခဏကလေးပါ အမေ။ အချိန်တန်တော့ အားလုံးက သေကွဲ မဟုတ်ရင် ရှင်ကွဲ လို့ ဆိုပေမဲ့ သေချာတာကတော့ အားလုံးတနေ့ မှာ သေကွဲကွဲကြရမှာပါ ။  ဒီလောက် ပြောပေမဲ့ နွားရှေ့ ထွန်ကျူးလို့  ပဲပြောပြော သားထိုက်နှင့် သားဘဝ။ အမေထိုက်နှင့် အမေ့ဘဝ တမလွန်မှာ သားတို့ တတွေ ဘာပဲဖြစ်ဖြစ်  အမေ့သဘော တရားစခန်းကို လိုက်ချင်လိုက် ။ မလိုက်ချင်လည်း အမေ့သဘောပါပဲ အမေရာ ။ အင့် ဟင့် ဟင့် အင့် "
" ငမောင် ရယ် ဘာ့ကြောင့် အမေ့ကို ဒီလောက်သွားပြီးတရားနာစေချင်ရတာလည်း  သားသွားစေချင်ရင်တော့ အမေသွားပါ့မယ်သားရယ်"
" တကယ်လား အမေ ။ အမေတကယ်လိုက်သွားပေးမှာလား "
" သားပြောတဲ့ အတိုင်း အမေ့အတွက်တော့ သားမကောင်းကျိုး မဖြစ်စေဘူးဆိုတာကို အမေ တကယ်ယုံလို့ သွားပြီး တရားနာမှာ ပါသား "
ထိုနေ့ က အမေ့အတွက် ပစ္စည်း ပစ္စယများကို သူဝမ်းမြောက်စွာ ပြင်ဆင်ပေးရင် ။ အပြောဖြင့် မဟုတ် လက်တွေ့ ဖြင့် သာ ယေရှုတရားကို နားထောင်ပြီး ။ လက်ခံကိုးကွယ်ခြင်းကို အမေ့သဘောအတိုင်း သာဆုံးဖြတ်နိုင်ကြောင်း နှင့် ။ တရားဒေသနာ ဦးဆောင်မည့် ဆရာများကိုပင် လက်ခံရန် နှစ်ကြိမ် မပြောရန် သူသေသေချာချာ ပြောဖြစ်အောင်ပြောလိုက်လေသည်။ လက်တွေ့  အသက်ရှင်သောဘုရားက သူဆန္ဒာကို ဖြည့်ဆည်းပေးလိုက်ပြီဟု သူစိတ်ချသေချာစွာ ယုံကြည်လိုက်မိတော့သည် ။၊
မှတ်တမ်း ( ၄ )
"သား မင့်ညီလေးတွေကို လည်း ဒီတပါတ် တရားစခန်းမှာ ပါနိုင်အောင် စီစဉ်ပေးပါလား သား "
" စိတ်ချပါ အမေ သားညီလေးတွေ တရားစခန်းကို ဝင်နိုင်အောင် လာမည့်လမှာ အစီအစဉ် ရှိပါတယ် "
" ဘာပဲဖြစ်ဖြစ် သားညီလေးတွေလည်း သမ္မာတရားကို ကောင်းကောင်းသိရှိလာပြီး ခရစ်တော်ကို သက်ဝင် ယုံကြည်လာရေးက သားကြီးရဲ့ တာဝန် ဆိုတာ မမေ့နဲ့ နော် အမေတို့ က အပြောပဲ တတ် နိုင်တော့ တာ လက်တွေ့  ကျကျကတော့ သား ကတာဝန်ယူပေးပါတော့ သားရယ်"
" ငါ့ကို ယုံကြည်သောသူသည် အသက်ရေ ထွက်ရာ စမ်းရေတွင် ဖြစ်လိမ့်မည် " ဟူသော သမ္မာကျမ်း စကား ကတိတော်သည် ယနေ့  အမေ့ အသက်တာ မှာပင် စီစင်းနေသောကြောင့်  ထို အသက်စမ်းရေသည် တဆွေလုံး တမျိုးလုံး အတွက် ထာဝရ အေးမြသော စိမ့်စမ်းရေ အဖြစ်စီးစင်းနေသည်ကို ပြောမယုံ ကြုံမှ အမှန်တကယ် သိလာခဲ့ ရချိန်မှာတော့ သူ့ ရင်ထဲတွင် အတိုင်းမသိ ဝမ်းမြောက် နေမိသေည်။ ထို့ ကြောင့် တာဟန်းဈေး ဝယ်လာခဲ့သော ဟေမာနေဝင်း၏လက်ရွေးစဉ် ဓမ္မသီချင်း ကလေးတပုဒ်အား သူအသံကုန် ချဲ့  ဖွင့်လိုက်လေတော့ သည်၊
"ကယ်တင်မဲ့သူ ဘယ်မှာလည်းလို့  မျော်လင့်ကြသူတွေ ကယ်တင်ခြင်းတံခါး ဖွင့်ထားလို့  ကြိုနေ အိုမိတ်ဆွေ တွေဝေ မနေနဲ့ လေ ယုံကြည်ခြင်းဖြင့် လွတ်မြောက်နိုင်ပြီမို့  သင်္ခါရကို စီးခြင်းယှက်ထိုး အရှုံးပေးသူတွေ သခင်ယေရှုကို အားကိုးကြည့်ပါဦး လူသားတိုင်းကို ကိုယ်စားပြုခဲ့သင်္ခါရတိုက်ပွဲ အနိုင်ရခဲ့ တဖက်သတ် သူ့ အောင်ပွဲ "
ဓမ္မသီချင်းသံကလေးက လေနှင့် အတူ လူတွေနားသို့  ဝှေ့ ကာ ဝှိုက်ကာဖြင့်
ဓမ္မမိတ်ဆွေများဘဝအမောပြေခိုင့်ခန့် နိုင်ကြပါစေ။
နာမတော်မြတ၌်
Samuel Soe Lwin