Tuesday, February 9, 2010

သခင်ရယ်ခွင့် လွတ်ပါ




အကောင်းဆုံးတွေပြုပေမဲ့

အကောင်းဆုံးတွေက

အဆိုးဆုံးတွေဖြစ်လာတော့

အားငယ်ကြေကွဲ

ဖြစ်ရမြဲမို့ 

သခင်ရယ်လေ

ခွင့်လွတ်ပါလေ.......

အကောင်းဆုံးတွေပြောပေမဲ့

အကောင်းဆုံးတွေက

အဆိုးဆုံးတွေဖန်စေတော့

ရင်မှာကြေကွဲ

မျက်ရည်ဝဲကာ

ဖန်လာအခြေ

ဖြေမဆည်လည်း

သခင်ရယ်လေ

လမ်းပြလှည့်ပါလေ......

အကောင်းဆုံးကြုံပေမဲ့

အကောင်းဆုံးတွေက

အဆိုးဆုံးတွေထွက်လာတော့

ပန်းတိုင်လည်းကုန်

အကြံကုန်ရော့

မဖြစ်မနေ

သခင်ရယ်အနီးမှာနေ

ကူမလှည့်ပါလေ....။