အမြင်ဖလှယ်
အသဲခြင်းနွယ်ယှက်
နှစ်ကိုယ်စိတ်မှန်း
အချစ်သိုက်နန်းမှာ
ယုယကြင်နာ
သစ္စာခြုံလွှမ်း
ဘုရားတရား
ဦးထိပ်ထားအညီ
မေတ္တာလွှမ်းခြုံ
တို့နှစ်ဦးရဲ့
သုခဘုံ ။ ။
မျက်ရည်
ရင်မှလှိုက်လှဲ
သဲထဲနာကျဉ်
ဖန်လာသောက
ကြုံလာရမှ
ဝေဒနာအစုစု
ပေါက်ကွဲပြု၍
ဆင့်ဆင့်ပေါက်ကွဲ
ထိန်ချန်ခဲ၍
လိမ့်ဆင်းခုန်ပေါက်
ပါးပြင်ချောက်မှ
စီးကျမျက်ရည်
ကိုယ့်မျက်ရည် .......
အသက်တာကြီးငယ်
မရှောင်သာအမြဲ
ဖန်လာရအမြဲမို့ 
စီးကျခဲ့မျက်ရည်
သင်....
ဘာအတွက်ကြောင့်
ယိုဆီးခဲ့ရ ။ ။
ဝေးဝေးမဝေးဝေး
အတူတူနေတော့
သူမမျှော်လေသပေါ့
ဒါပေမဲ့လေ
ဝေးကြလေတော့
ကောင်းကောင်းမကောင်းကောင်း
သတိရတယ်
အို....အချစ်ဟောင်း
ဆွေးဆွေးမဆွေးဆွေး
ဝေးကြလေတော့
ငေးကြပေမပေါ့ 
ဒီလိုအခြေ
တွေ့ ကြုံလေတော့
ဟောင်းဟောင်းမဟောင်းဟောင်း
သတိရနေတယ်
အို....အချစ်ဟောင်းရယ် ။ ။