ပျော်သလိုသာနေပါဆိုပေမဲ့
ရင်မှာမပျော်တာကိုတော့ ဘယ်သူသိနိုင်မှာလည်း
တော်ရာမှာသာ နေပါဆိုပေမဲ့
တော်ရာဆိုတာ တကယ်မရှိတာ ဘယ်သူသိနိုင်မှာလည်း
တကယ်ဆိုရင်ဆိုတဲ့စကား
နှုတ်ဖျားက ထွက်လာတာလွယ်ပေမဲ့
ခံစားတတ်တဲ့ စိတ်အစဉ်မှာတော့
ပြောပြီးပျောက်ပျောက်
ဆိုပြီး ပျောက်ပျောက် မဟုတ်လေတော့
ဘာတွေကို ဘယ်လို…
ဘယ်သူ့ကို ဘယ်အတွက်ကြောင့်…
ဘာတွေကို ငါလုပ်ရပါတော့မလဲ?