ကြင်သူရေ......ဖြေသာပါစေလေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

ကြင်သူရေ......ဖြေသာပါစေလေ



 ကြင်သူရေ......
" တွေ့ကြုံဆုံကွဲဖြစ်စမြဲတဲ့"
အခြေအနေကြောင့်ဝေးကွာ
စိတ်နောက်မကြည်သာလည်း
မမြဲတဲ့ဘဝ
သင်္ခါရကို
သဘောပေါက်ရူ မြင်
ဖြေတတ်ပေါ့ချစ်သူခင်....

ကြင်သူရေ......
"လူတဦးပူမှုရယ်တဲ့ဆယ်ကုဋေတဲ့ "
အလိုမကျမူများကာ
အဖြစ်မျိုးကြုံလာက
တည်မမြဲတဲ့အနိစ္စ
ဒုက္ခသဘာဝကို
ကောင်းစွာရူမြင်
ဖြေတတ်ပေါ့ချစ်သူခင်....

ကြင်သူရေ......
"ပျော်ရာမှာမနေတော်ရာမှာနေရတဲ့ "
မချစ်မကြင် ၍မဟုတ်
ချစ်ကြင်သည့်အတွက်မို့
ဘဝရဲ့ဓမ္မတာ
ခိုက်တန့်ခွဲရခုချိန်ကာလကို
နစ်သိမ့်ကာကြိတ်ဖြေ
နေရတယ်ချစ်သူရေ....။ ။


ဆယ်မြူရယ်စိုးလွင်




No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages