ငယ်ပေါင်းရေ
နှစ်ကိုယ်ဝေးလေလည်း
မမေ့ကျေးဇူး
မင့်ပြုဘူးခဲ့
ထားခဲ့မေတ္တာ
ဖေးအကြင်နာများ
မမေ့ငါလေ
မင့်သိစေဖို့
ဤစာကဗျာ
ရေးသီကာဖြင့်
အလွမ်းလည်းပြေစေ
ချစ်တဲ့မင့်လည်းမြင်စေဖို့
ဤသို့စာစီ
ရေးလိုက်သည်မို့
ရောက်ရာရပ်မှာ
မင့်တွေ့ ပါက
ငါအားတဖန်
ရေးခွင့်မဟန်လည်း
တိုးတိုးညင်ညင်
မင့်နှုတ်ဖွင်ဆိုက
ဆဌမအာရုံဖြင့်
နားဆင်ရန်လေငါလေအသင့် ။ ။