စေတနာမြတ်စင်စစ် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 14, 2010

စေတနာမြတ်စင်စစ်

 

 

 

 

 

သူဘယ်လိုမှ ကြည့်၍မရပါ၊

အထူးသဖြင့် ပထွေးဆိုသည်က ဘယ်လောက်ပင်ကောင်းကောင်း အမည်ကိုကြားလိုက်ရသည်နှင့် လူတိုင်းက ကျောတွန့်သွားကြတာ သဘာဝပင်။

သူ၏ပထွေးကတော့ မိမိ မိခင်၏ နောက်အိမ်ထောင်မို့သာ ပထွေးလို့ဆိုရတာပါ၊ ပထွေးဆိုတာကိုသာ သူမသိခဲ့လျှင် အမှန်သူ့အနေဖြင့် ပထွေးလို့ထင်မိမည် မထင်ပါ။ ထိုမျ သူ့အပေါ်တွင် ကောင်းပါသည်၊ ပထွေးဆိုသော အမည်နှင့် အသိတရားသာ သူ့မှာမရှိခဲ့လျှင် လုံးဝပင် ခြောက်ပြစ်ကင်း သဲလဲစင်ဟု ဆိုနိုင်သော သူပါပေ။ ထိုမျှကောင်းတဲ့ပထွေးကို သူဘယ်လိုမှ မခေါ်ဘူးပါ၊ တအိမ်ထဲမှာနေပြီး စကားခေါ်ပြောရှိပါသည်။ အတူတူဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်ပါသည်၊ သို့တိုင်အောင် သူ့အနေဖြင့် ဘယ်သို့မျှမခေါ်ဘူးပါ။

"ငမောင်ရေ ငမောင်ရွာထဲသွားရင် ငမောင့်အဖေကို ဒီနေ့မြန်မြန်ပြန်လာပါလို့ ပြောလိုက်ပါ ဦး"

"ဟုတ်ကဲ့အမေ ကျွန်တော်ပြောလိုက်ပါ့မယ်"

မိခင်ဖြစ်သူက သူ့အားရွာထဲသွားမည်ကို သိသောကြောင့် စကားပါးလိုက်ခြင်းပါ။ သူ့အနေဖြင့် ' ဘဝဆိုတာ ကိုယ်ထင်သလို ဖန်တီးယူ၍မရ' ဆိုသည်ကို ကောင်းကောင်းနားလည် သိထားတော့ ဘယ်သူ့ကိုမျှ အပြစ်မတင်ချင်တော့ပါ၊ နောက်အိမ်ထောင်ပြုသော အမေ့ကိုလည်း အပြစ်မတင်ချင်သလို၊ နောက်အိမ်ထောင်ရှင် ဖြစ်သော ပထွေးဖြစ်သူကိုလည်း သူဘယ်လိုမှ အပြစ်တင်စရာမရှိပါ။ သူလည်း အမေ့ကို တော်တော်ချစ်ရှာသည်ပဲ၊ သူ့အနေဖြင့် ငယ်ရွယ်သူဖြစ်သော်လည်း အမေဖြစ်သူနှင့် ပထွေးဖြစ်သူတို့ တ ဦးကိုတ ဦး အဘယ်မျ ချစ်သည်ကို သူကောင်းကောင်းသိပါသည်။ နားလည်တတ်ပါပြီ၊

áááááááááááááááááá

ရွာထဲသို့ လမ်းလျှောက်ရင်း သူငယ်စ ဉ်က အကြောင်းအရာကလေးတခုကို ပြန်၍သတိရမိသည်။ ထိုနေ့က အိမ်ကို သူကျောင်းမှ ပြန်ရက်မရှိပဲ ပြန်သွားမိခြင်းပါ၊ အိမ်ကိုမရောက်မီမှာတော့ ခပ်လှမ်းလှမ်းမှပင် သူ့အိမ်ဘက်စီမှ အသံတွေကို အတိုင်းသားကြားနေရသည်။

" - - - - - - - - - - -"

" — - - - - - — — - "

ဧကန်တအိမ်တွင် အမေနှင့် ပထွေးဖြစ်သူ စကားများနေကြခြင်းပါ၊ သူ့အမေတို့ တခါတရံ စကားများတတ်တာကို သူသိပါသည်၊ သို့တိုင်အောင် လက်ပါခြေပါမျိုးကား သူမတွေ့ဘူးသော်ငြားလည်း ရန်ဖြစ်ခြင်းကို မလိုလားသော သူ့အနေဖြင့် 'စကားများရန်ဖြစ်ခြင်း' ကို ဘယ်လိုမှ နားမလည်ပေးတတ်ခဲ့ပါ၊ ထိုကြောင့် အိမ်ပေါ်ကို အမြန်တက်ပြီးချိန်မှာတော့ အမေတို့စကားနိုင်ဝိုင်းလေးက တမဟုတ်ခြင်း ငြိမ်ကျသွားသည်။ သူပထွေးဖြစ်သူအား ကြည့်လိုက်ရင်း ဘေးမှာဝင်ထိုင်ကာ မေးလိုက် သည်။

"အမေ့ကို ဘာ့ကြောင့် ယူတာလည်း ကျွန်တော့ကိုပြောပါ ဦး"

"ချစ်လို့ယူတာပေါ့ ငမောင်ရာ"

"ချစ်လို့ယူတယ်ဆိုရင်လည်း ဘာလို့စကားများရန်ဖြစ်နေရတာလည်း၊ အမေတို့ကလည်း ဘာမှန်းလည်းမသိဘူး"

သူစကားကိုဒီလောက်သာပြောလိုက်တော့ အမေက သူ့အား ငေးကြည့်နေသလို၊ ပထွေးဖြစ်သူကလည်း သူ့အား ကလေးအသွင်မမြင်ပဲ တကယ်လူကြီးတ ဦး အသွင်ဖြင့် ကောင်းစွာခွန်းတုန့်ပြန်ကာ၊

"အေးပါ ငမောင်ရယ် နောက်ဆိုရင် အဖေတို့စကား မများတော့ပါဘူး"

အမှန်တကယ်လည်း အမေတို့သည် ထိုနေ့နောက်ပိုင်းတွင် စကားများတာကို သူမတွေ့ရတော့ပါချေ။ ထိုမျ စိတ်သဘောထား ကောင်းသော ပထွေးသည် သူ့အတွက် အဖေရင်းသာဖြစ်ခဲ့ရင် အဘယ်မျှ ကောင်းလိုက်လေမလဲ၊ အခုတော့ ကောင်းပေငြားလည်း 'ပထွေး' ဆိုသောအသိကြောင့် ဘယ်လိုနည်းနှင့်မျ အဖေအရင်းလို လက်မခံနိုင်ပါချေ။

ááááááááááááááááá

မခေါ်ချင်ရင်သာနေလို့ရမည် မတော်ချင်လို့ကား မရဆိုသော စကားပုံအတိုင်းပင် သူ့အနေနှင့် မခေါ်ပဲနေလို့ရသော်လည်း၊ အမေနှင့် စပ်ဆိုင်တော့ သူ့အနေနှင့် ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ သူ၏ ဖခင်နေရာသို့ရောက်ခဲ့ရပေပြီ၊ ပထွေးဖြစ်သူအနေနှင့်ကတော့ တကယ် စိတ်ထားကောင်းကောင်း ရှိထားသူပင်ဖြစ်သည် 'မကိုမင်လျှင်  ဉကိုခင်ရမည်' ဆိုသော ဆောင်ပုဒ်ကြောင့်လား စိတ်ရင်းခံပင်ကောင်း၍လားမသိ သူ့အပေါ်မှာတော့ ရှာမှရှား တကယ့် လူကောင်းတ ဦးပါပဲ။ ဒီလိုကောင်းနေပေမဲ့ သူ့အနေဖြင့် အမှတ်မပေးနိုင်သေးပါ။ ဒီလိုအမှတ်မပေးနိုင်ရသေးတဲ့ အထဲမှာ သူ့အတွက် အမှတ်ပိုနှုတ်ယူစရာတွေ ထပ်ကြုံလာရတော့သည်ကား ပထွေးဖြစ်သူအတွက်လား၊ သူ့အတွက်လား ကောင်းစွာမဝေခွဲတတ်တော့လောက်အောင်ပင် အခြေအနေက ဖန်လာခဲ့လေပြီ။

"ဟေ့ကောင် နွေ ဦး မင့်အဖေက အခုတော့ ခရစ်ယာန်ဖြစ်သွားပြီတဲ့ကွ"

"မင့်လည်း မင့်အဖေလိုပဲ  ဘမျိုးဘိုးတူ ချိုနဲ့ကားကား တနေ့ဖြစ်လာမှာပါ"

"လုပ်မနေပါနဲ့ကွာ မင့်လည်း တနေ့ဖြစ်လာမှာပါ"

ပထွေးဖြစ်သူကောင်းသည်ကို သူဝန်ခံပါသည်၊ သူ့ပထွေးလိုမျိုးကို 'ထမင်းထုပ်ဖြင့် ရှာလျှင်ပင် ထမင်းထုပ်သိုးသွားပေမည်' သူ့ပထွေးလိုလူမျိုးကား အမှန်ပင် တွေ့နိုင်ချေရှိမည်မဟုတ်။ ဒါပေမဲ့ ပါတ်ဝန်းကျင်ရဲ့ စကားအတင်းဆို ဝေဖန်ခြင်းတွေကြားနေရတော့ သူ့အနေဖြင့် မခံမရပ်နိုင်ဖြစ်ကာ အိမ်သို့ ထွက်လာမိသည်။ အိမ်သို့မရောက်မီ၊ တွေ့မြင်လေသမျသောသူတို့က။
"မင့်အဖေက အသက်ရှင်တဲ့ဘုရားကို ကိုးကွယ်တယ်ဆိုပြီး အခုတော့ အလုပ်လက်မဲ့နှင့် ဖြစ်နေပြီကွ"

ပါတ်ဝန်းကျင်၏ ပြောစကားအား သူ့အနေနှင့် ဂရုမစိုက်နိုင်အား၊ သူ့အနေဖြင့် အသိချင်ဆုံးက ပထွေးဖြစ်သူသည် ဧကန်အမှန် 'ခရစ်ယာန်ဖြစ်သွားပါက' သူ့အတွက်၊ ညီလေးတွေ ညီမလေးတွေ အတွက် ယုံကြည်ကိုးကွယ်မှုတွင် စိုးရိမ်စရာဖြစ်လာခြင်းသည်သာ အဓိကပစ်မှတ် ပန်းတိုင်ဖြစ်လာသည်။ အိမ်ရောက်တော့ ကြားသည့်သတင်းမျာက အမှန်ဖြစ်နေချေပြီ၊ သူဘာများတတ်နိုင်တော့မှာလည်း၊ လူငယ်ဖြစ်သည့်အတွက် စိတ်ဆန္ဒရှိပေမည့် ၊ စိတ်သွားတိုင်းကိုယ်က မပါနိုင်တော့ပါ။ အထူးသဖြင့် အလုပ်ကိစ္စကိုမေးကြည့်ပြန်တော့ သူ့ပထွေး၏ အဖြေစကားကလည်း မှန်နေသား။

"ဟုတ်တယ် ငမောင် အဖေ ခရစ်ယာန်ဖြစ်သွားတော့ ဒီအလုပ် ကန်ထရိုက် ဆွဲထားတာကို ပြန်ပြီးတော့ လွှဲပစ်လိုက်တယ်"

"ခရစ်ယာန်ဖြစ်သွားတော့ ဒီလုပ်ငန်းကို မလုပ်ရတော့ဘူးလားဗျာ"

"လုပ်လို့တော့ ရပါတယ်  ဒါပေမဲ့ အခုအဖေလုပ်နေတာက ဘာသာရေး အဆောက်အ ဦးတွေဆိုတော့၊ အဖေ့အနေနှင့် လုံးဝမလုပ်နိုင်တော့ပါဘူး"

ဟုတ်တော့လည်း ဟုတ်ပေသား၊ သူ့ပထွေး အခုလက်ရှိဆောက်နေသည့် အဆောက်အ ဦးက တကယ့် ကျောင်းတော်ကြီး၊ တရုတ်ဇတ်ကားထဲမှာ သာတွေ့နိုင်မြင်နိုင်သည့် ' ပြဿဒ်တန်ဆောင်းကြီများ' ပင်ဖြစ်သည်။ ဆောက်လုပ်ရေးအစတွင် သူသွားကြည့်တော့ သားနားလိုက်သည်မှာ ပြော၍ပင် မကုန်နိုင်အောင် တကယ့်ကို ကြီးကျယ ်ခမ်းနားသည်။ ယုံကြည်ရာကိစ္စမို့ သူဘာမှ ဝင်မပြောလိုသည့်တိုင်အောင် သူ ပြောဖြစ်အောင်တော့ ပြောလိုက်သည်။

"ခရစ်ယာန်ထဲဝင်သွားလို့တော့ အပြစ်မတင်ပါဘူး၊ ဒါပေမဲ့ ညီလေးတွေနှင့် အမေ့ကိုတော့ လုံးဝ အဲ့ဒီဘာသာထဲကို မသွင်းပါနဲ့၊ နောက်ပြီး ဘုရားကျွေးမယ် ဘုရားကျွေးမယ်ဆိုပြီး အမေ့ကိုတော့ ပစ်မထားပါနဲ့"

" ငမောင်ကတော့ကွာ၊ အမေ့ကိုတော့ အသဲစွဲပဲ စိတ်ချပါ ငမောင်မရာ အဖေ့အနေနဲ့ ငမောင့်အမေကို ငတ်အောင်မထားပါဘူး၊ နောက်ပြီး ငမောင်ပြောတဲ့ အဖေ့ဘုရားကလည်း ဒီလိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး ငမောင်ရာ၊ ညီလေးတွေကိုတော့ ခရစ်ယန်ဘာသာထဲကို အဖေမသွင်းပါဘူး ၊ ဒါပေမဲ့ ငမောင်အပါအဝင် အားလုံးကိုတော့ ခရစ်တော် အကြောင်းသိစေချင်တယ်"

ááááááááááááááááááá

အဘိုးအဘွားများနှင့်နေသော သူ့အနေနှင့် တခါတရံမှသာ မိဘထံသို့သွားရောက်လည်ပါတ်လေ့ရှိသည့်အားလျှော်စွာ၊ သွားသောအခါတိုင်းတွင်လည်း တကယ့် သာယာပျော်ရွှင်ဘွယ် မိသားစု ဘဝကလေးကို သူကောင်းစွာ မြင်တွေ့ခံစားရသည်။ အကြောင်းကတော့ သူ၏ပထွေးသည် အမည်သာ ပထွေးဖြစ်သော်လည်း တကယ့် အဖေရင်းနှင့်မခြားနား သူ့အပေါ်တွင် လွန်စွာကောင်းလှပေသည်။

"ကိုကိုကြီး အဖေက ကိုကိုကြီးအတွက် ဒီနေ့ဟင်းတွေ သီးသန့်ချန်ထားတယ် ကျွန်တော်လည်းစားမယ်နော်၊ ကျွန်တော်ယူလာပေးမယ်"

"အေးအေး အတူတူ စားကြတာပေါ့"

ကြည့်ပါတော့ အဘယ်သူက ဒါကသူ့ရဲ့ပထွေးလို့ပြော ဦးတော့ အကြောင်းမသိပါက၊ သူတို့၏ ဇစ်မြစ်ကိုမသိပါက သူပထွေးလို့ ဘယ်သူမှ ယုံနိုင်မည်မဟုတ်ပါ၊ အထူးသဖြင့် အစားအသောက်မှအစ ဘာပဲဖြစ်ဖြစ် 'ငမောင် ဖို့လည်း ချန်ထားလိုက် ဦး ၊ ငမောင့်အတွက် ထားလိုက်ပါကွာ' ဆိုတာတွေက ပထွေးဖြစ်သူ၏ လက်သုံးစကားများပင်ဖြစ်သည်။ ယခုလည်း သူ့အတွက် သီးသန့်ချန်ထားသော စားဖွယ်သောက်ဖွယ်များကို ညီလေးက ယူဆောင်လာသည်။ အမေ့လက်ရာစစ်နှင့် အသားကျော်များပင်ဖြစ်သည်။

ညီအကိုနှစ်ယောက် မီးဖိုခန်းတွင် ထမင်းစားနေခိုက်၊ အမေတို့တတွေ ပြန်ရောက်ရှိလာကြသည်၊ အမေတို့နှင့် အတူ အခြားဧည့်သည် နှစ် ဦးလည်း ပါလာသည်ကို အသံအားဖြင့် သူကောင်းကောင်းကြားနေရသည်။ ထမင်းတော့စားနေပေမဲ့ ဘာတွေ ပြောသည်ကိုတော့ သူအသာနားစွင့်နေမိသည်။

"လောကမှာ လူသားတိုင်းက အပြစ်တရားနှင့်အတူ မွေးဖွားလာကြလို့ ဘယ်သူကမှ ကုသိုလ်ကောင်းမှုနှင့် ကောင်းရာမွန်ရာဘဝကို မရရှိနိုင်ပါဘူး၊ ဒီအတွက်ကြောင့်လည်း တဆူတည်းသော ထာဝရဘုရားရှင်က တပါးတည်းသောသားတော်ယေရှုခရစ်ကို ဤလောကသို့စေလွတ်၍ ကိုယ်စားပြု ယတြာချေစေခြင်းဖြင့် ကယ်တင်ခြင်းတရားကို ယုံကြည်သူတိုင်းအတွက် လမ်းဖွင့်ပေးခဲ့တာပါ ဒေါ်မြင့်ရီ"

"လူဆိုတာကောင်းတာလုပ်ရင် ကောင်းတာရောက်မယ်လို့ ဆိုထားတဲ့အတိုင်း မကောင်းတာသာ လုပ်နိုင်တဲ့သူတွေအတွက် သေချာတဲ့လမ်းက မကောင်းတဲ့ အပါယ်ငရဲဘဲရှိတာပေါ့ဗျာæ လူဆိုတာ ဟိတ်ကြီးဟန်ကြီးတခွဲသားနှင့် ဘယ်လိုပင်နေစေ ဦးတော့ မပြည့်စုံ မစုံလင်တာကို အချိန်တိုင်းမှာ မြင်တွေ့နိုင်ပါတယ်"

ဘာမှပြန်မပြောပဲ ငြိမ်နေသော အမေ့အစား သူ့စိတ်တွေက ရေနွေးအိုးတည်သလို ဆူပွက်လာသည်၊ စားလက်စ ထမင်းပန်းကန်အား သူအသာချထားလိုက်ရင်း အိမ်ရှေ့ခန်းသို့ထွက်လာတော့ ညီလေးက အံ့အားသင့်သောအကြည့်ဖြင့် ကျန်နေရစ်သည်။ အိမ်ရှေ့ခန်းရောက်တော့ အပြောကတော့ မိုးထိုးနေပေမဲ့ လက်တွေ့ ကတော့ဖြင့် ဇက်ကျိုးလွဲနေသော ခရစ်ယာန် ဓမ္မဆရာကြီးများကို သူတွေ့မြင်ရတော့ ဒေါသက အထွဋ်အထိပ်သို့ ရောက်သွားပြန်သည်။

"ခင်ဗျားတို့က တ ဦးနှင့်တ ဦး ဆရာလို့ခေါ်ခေါ်နေကြတာ ဘာဆရာလဲဗျ၊ ကျွန်တော့ကိုလည်း ရှင်းပြပါ ဦး"

"အကိုတို့က ဓမ္မဆရာတွေပါညီလေး"

သူတို့က သူ့အကြောင်းအား သိထားပြီးသည်ထင်ရဲ့ သူ့အား အားနာဟန်ဖြင့် ကြည်နေကြသလို၊ သူ့ပထွေးဖြစ်သူကလည်း အသာအယာပင် ဘေးမှာရှိနေသည်။ ဘာမှတော့ဝင်မပြော၊ ပြောလို့လည်းမရနိုင်။ သူကတော့ ဘာမဆိုလက်တွေ့မှ လက်ခံယုံကြည်သူဖြစ်သည်။

"ဒီမှာဗျာ လောကမှာ ဆရာဆိုတာ ဒီလိုရှိတယ်ဗျ၊  ဉပမာ ဆိုက်ကားနင်းတတ်မှ ဆိုက်ကားဆရာလို့ခေါ်လို့ရတယ်၊ မြင်းလှည်းမောင်းတတ်မှ မြင်းလှည်းဆရာ၊ ကားမောင်းတတ်မှ ကားဆရာလို့ခေါ်တယ်၊ ဆရာသမားတိုင်းက ဆရာသမားဂုဏ်တော့ ကိုယ်စီရှိကြတာပဲ ခင်များတို့မှာ လက်မှာက ဆေး၊ ပါးစပ်မှာက ကွမ်း ဘယ်လိုမျိုး ဆရာသမားဂုဏ်ရည်မှမရှိတာကြီးကို တ ဦးနှင့်တ ဦးအမွန်းတင်ပြီး ပိုက်ဆံမပေးရတိုင်း ဆရာ။ဆရာနှင့်ခေါ်နေကြတာ မရှက်ဘူးလားဗျာ၊ ဆရာ ခေါ်စရာ အမှန်ရှာတော့ ခင်များတို့မှာ ကျွန်တော်တွေ့တာက 'သနားဆရာ ' ဆိုတဲ့ အကွက်ကလေးပဲတွေ့ပါတယ်ဗျာ"

အားလုံးက သူ့အားငေးကြောင်ကာကြည့်နေပေမဲ့ သူဘာကိုမျှ အားနာရမှန်လည်းမသိတော့ပါ။ ဒါကအမေနှင့် ညီလေးတွေနောင်ရေး သူ့ရဲ့ကာကွယ်ရေး နည်းဗျူဟာတခုပင် မဟုတ်ပါလား။
"အာတော့နာပါတယ် နောက်ဆိုအိမ်မှာ လာပြီးတရားဟောချင်ရင် ကျွန်တော့လို မသောက်မစားပဲနှင့်လာပါ။ အပြောတခြား အလုပ်တခြားနှင့်တော့ ကျွန်တော် 'ကန်တော့ပါသေးရဲ့'၊ သောက်စားရမယ်လို့လည်း ယေရှုဆိုတဲ့ဘုရားက ဟောပြောသလား ဟောပြောရင်လည်း ဒီဘုရားကတော့ လမ်းဘေးမြောင်းကျားထဲက ဘုရားပဲဖြစ်မှာပါ"

အားလုံးမျက်စိမျက်နှာပျက်ကာ ထပြန်သွားကြသည်၊ သူ့အနေနှင့်တော့ အမှန်တွေကိုသာပြောခြင်းမို့ ဘာမှမခံစားလိုက်မိပေ၊ အထူးသဖြင့် ထိုခရစ်ယာန်ဟုဆိုသော 'သနားဆရာ' များအား နောက်ထပ်တွေ့နိုင်တော့မည်ဟု မထင်မှတ်တော့ချေ။

áááááááááááááááááááá
                                                             
ဘဝဟူသည်ကား အံ့သြဘွယ်အရာများနှင့် အစ ဉ်ရှိနေသည်ကို တွေ့ကြုံသောသူသာလျှင် အံ့သြစရာဖြစ်ယုံမက မြင်ကြားရသူများပင် အံ့ဖွယ်မဆုံးရှိတတ်ပေသည်။ သူပထွေးဖြစ်သူနှင့် ခရစ်ယာန်တွေကို ကြည့်လို့မရခဲ့ပါ အထူးသဖြင့်တော့ ဗမာခရစ်ယာန် ( ပထွေးအပါအဝင်) ကြည့်၍ပင်မရခဲ့။

"နွေ ဦး မင့်လိုက်နိုင်ရင် လာမဲ့ အပါတ်မှာ ငါတို့ တရားစခန်းရှိတယ် အချိန်ပေးနိုင်ရင် လာခဲ့ပါလား"

"ဟုတ်ကဲ့ ကျွန်တော်လိုက်ခဲ့ပါ့မယ်"

သူအပြုံးစကားဖြင့် ဖြေလိုက်သည်ကို ထို"သနားဆရာ"တွေကတော့ ဝမ်းသာသွားကြသည် ' ငါးကြင်းဆီနှင့် ငါးကြင်းသားပြန်ကြော်ရမယ်' ဆိုသော သူ၏အော်ဟစ်သံကိုတော့ ထို"သနားဆရာ"များမကြားနိုင်ပါ။ ထိုစကားက သူ့ရင်တွင်းမှာသာကြုံးဝါးလိုက်သော ကြောင့်ပင်ဖြစ်သည်။ သတ်မှတ်ထားသောနေ့တွင် သူတရားစခန်းသို့ မသွားချင်ပေမဲ့ 'မင်းမှာသစ္စာ၊ လူမှာကတိ' ပေးထားသောကတိကို မပယ်ဖျက်ခြင်သောကြောင့် စိတ်မပါပေမဲ့ သူတရားစခန်းသို့ရောက်သွားခဲ့သည်။

တရားစခန်း၌ကား သူ့အတွက်အံ့သြစရာများက အပြည့်ရှိနေသည်။ ကချင်၊ ချင်း၊ ကရင် တွေက သူသိသလောက်တော့ ခရစ်ယာန်တွေပါ၊ အခုတရားစခန်းတွင် ဘာ့ကြောင့် ဒီခရစ်ယာန်တွေက ဘာကြောင့် ပါဝင်နေရသည်ကို သတိထားမိသည်။ တရားစခန်းသင်တန်းစသည်နှင့် ဆရာ စောရန်အောင်ဆိုသော "သနားဆရာ" မဟုတ်သော တကယ့်ဆရာက 'ဘာသာတရားဟုဆိုရာ၌ ခရစ်ယာန်ဘာသာကလည်း မကယ်ကြောင်း' သေသေချာချာပြောဆို ရှင်းပြသည်၊ နောက် 'ဖန်ဆင်းခြင်း၊ အပြစ်တရားတွင် ဗီဇအပြစ်နှင့် 'ုစရိုက်အပြစ်၊ အပြစ်၏အခသေခြင်း၊ ကယ်တင်ခြင်းအတွက် အားမခံချက်မရှိသော ကုသိုလ်ကောင်းမှု၊ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏အစီအစ ဉ်၊ ခရစ်တော်ဘုရား၏ကုသိုလ်တော်' စသဖြင့် စနစ်တကျ ရှင်းလင်းသင်ကြားပေးကြသည်။

"ကဲ မရှင်းတာရှိရင် မေးလို့ရပါတယ်"

ဆရာဖြစ်သူထံမှ မေးခွန်းမေးရန် အခွင့်ပေးသည်နှင့် သူမေးခွန်းမေးရန် လက်ညိုးထောင်ပြလိုက်သည်၊

"ကျွန်တော်မေးချင်ပါတယ်æ ကျွန်တော်တို့ ထုံးတမ်းစ ဉ်လာမှာတော့ သြကာသလောက၊ သတ္တလောက၊ သင်္ခါရလောကဆိုတာရှိပါတယ် ဆရာတို့အနေနှင့် ဘယ်လိုရှင်းပြမလဲ သိချင်ပါတယ်"
ဖန်ဆင်းခြင်တွင် ထိုအရာများက အကျုံးဝင်ကာ အဖြေရှိကြောင်း သူသိပါသည်၊ သို့ သော် စကား ခက်ခက် နက်နက်နဲနဲများဖြင့် ကွန့်ကာဝင့်ကာ စကားကလေး ညှပ်ကာ ပြောလိုက်တော့ ဝေ့လယ်ကြောင်ပါတ်ဖြစ်နေသည့် သနားစရာများအား သူသိသိကြီးနှင့် အနိုင်ယူနေခဲ့ခြင်းပါ။

သင်တန်းအစတွင်၊ မှန်သည်ရှိ မှားသည်ရှိ သူ သနားစရာများ၏ တရားဟောချက်များအား မေးခွန်းထုတ်ရန်ခြောင်းမြောင်းနေခဲ့သည်၊ မေးပေါက်တွေ့သောအခါတွင် သူမေး၍ အဖြေကိုမပေးကြလျှင် သူအတွက်အကွက်ပင်ဖြစ်ခဲ့သည်။ သိလျှက်နှင့်လည်း ခြောင်ပိတ်ကာမေးမိသည်။ သို့သော် တရာစကားသည်ကား သူတို့ပြောသလို အမှန်အသက်ရှင်သည်ကိုတော့ သူမယုံ၍မရတော့၊ ဘဝအတွက်အဖြေများနှင့် ကိစ္စအဝဝအတွက် အဖြာဖြာသော ကောင်းကျိုးချမ်းသာကိုကား အမှန်အာမခံသော တရားများအဖြစ် သိရှိလာခဲ့သည်။
"ကြည့်ထား ဒီလောက်တောင်ဖြစ်တဲ့ကောင်လေးတော့ ဘုရားရှင်က သူ့အတွက်ခေါ်မှာပါ၊ ဆရာ/ဆရာမတို့ ဘာမှမပူနဲ့ ဒီကောင်လေး ခရစ်တော်ရဲ့နောက်လိုက်ကောင်း ဖြစ်လာမှာသေချာတယ်"

တီးတိုးပြောနေသောစကားကို သူကြားတော့ လုံးဝသူခရစ်ယာန်မဖြစ်ရဟု သန္နိဌာန်ချမှတ်လိုက်ပေမဲ့၊ တရားစခန်းအပြီးမှာတော့ အားလုံးကပြန်သွားကြပေမဲ့ သူ့အနေ နှင့်တော့ မတင်မကျ ဘာဆိုဘာမှ မလုပ်တတ်သူမို့ ဒီအကျွတ်တရားလမ်းစ ဉ်ကို သူကောင်းကောင်း သိချင်လာသည်က ဘယ်လိုမှ တားဆီး၍ မရနိုင်ဖြစ်ကာ၊  တရား စခန်းအပြီး သီးသန့်လေ့လာဖြစ်သည်။
အဆုံးတော့ 'လာရောက်ရှုမြင်၊ ကျေးဇူးတင်မြဲဖြစ်၍ ၊ လာပါရှုပါ၊ ကျင့်ကြံပါဟ၊ု မပါပါအောင်၊ ခေါ်ဆောင်တိုက်တွန်း၊ တိုက်တွန်းခြင်းငှါ၊ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူ၏' ဆိုသော ငယ်စ ဉ်က စာသားအလင်္ကာ ကလေးတွေကို သူကောင်းကောင်းပြန် သတိရမိသည်။

áááááááááááááááááááá
                                                              
"ငမောင် အမေရွာထဲသွားနေတုန်း မင့်အဖေလာခဲ့ရင် သေချာပြောပေးလိုက် ဦး နော်"

"ဟုတ်ကဲ့ပါအမေ၊ သားပြောပေးလိုက်ပါမယ်"

အမေ့အား သူပြောကြားအပြီး၊ ညီ/ညီမလေးတွေကို စာသင်ပြနေလိုက်သည်။ ကိုယ်တိုင်က ပညာရေးအခြေခံ မကောင်းခဲ့သော်လည်း ညီ/ညီမလေးတွေကိုတော့ ပညာရေးတွင် ထွန်းထွန်းပေါက်ပေါက်ဖြစ်စေချင်သည်။ ထိုအခိုက်....

"ငမောင်ရေ သား အမေ ဘယ်သွားသလည်း မမြင်ပါလား"

"အမေရွာထဲသွားတယ် အဖေ၊ ခဏနေရင်တော့ ပြန်လာမယ် ဒီနားလေးတင်လို့ပြောတယ် အဖေ"

" အေးကွာ  ဒီမှာ ငမောင့်အတွက် အဖေ တာဟန်းကဝယ်လာတယ် သားကြိုက်ရဲ့လား ကြည့်ပါ ဦး"

အဖေကမ်းပေးလာသော ပစ္စည်းကို သူလှမ်းယူရင်းဖြေကြည့်လိုက်တော့ အဖုံးအနက်ရောင် သားရေကြိုးဖြင့် ခန့်ညားသေသပ်သော 'သမ္မာကျမ်းစာ' ဖြစ်နေ သောကြောင့် သူအရမ်းပျော်သွားသည်။ သူ့ဘဝရဲ့ အစစအရာရာကို ပြောင်းလဲနိုင်စွမ်းရှိသော ဘဝအာမခံကိုပေးသော 'ထာဝရဘုရား၏ ဧကဝါစာ စကားတော်များပင်။

"ကျေးဇူးပဲအဖေ"

"မဟုတ်တာ ငမောင်ရာ အဖေက ငမောင့်ကို 'သမ္မာကျမ်းစာ ဖတ်ရှုသူအဆင့်မကဘူး၊ ဓမ္မအမှုတော်ဆောင်အဆင့်ထိ မြင်ချင်တာကွ၊ ဒါမှ သားလိုပဲ အခြားသူတွေကလည်း 'ဧဝံဂေလိ သတင်းကောင်း' သားလိုခံယူယုံကြည်ကြပြီး ထာဝရ ကျွတ်ရာလမ်းကို ရကြမှာလေ မဟုတ်ဘူးလား ဒါ အဖေ့ရဲ့ဆန္ဒကွ ငမောင်ရ"

"သာသနာတော်မြတ်အတွက်သားခန္ဒာတည်နေသရွေ့ဆက်ကပ်ပါ့မယ် အဖေ"

"ဒါမှ အဖေ့သားကွ"

ထွေးဖက်လိုက်သော အဖေ (ပထွေး) ဖြစ်သူ၏ အကြင်နာတရားက သူ၏ ခန္ဒာကိုယ်ကိုသာ ထွေးပွေ့လိုက်ခြင်းမဟုတ် ဘုရားရှင်၏ ထာဝရမေတ္တာကို အရင်းခံသော မေတ္တာဖြင့်သူ၏ အသွေးအသားအာရုံ အားလုံးကိုပင် နွေးထွေးစွာထွေးပွေ့လိုက်ခြင်းပါ။

ပထွေးဆိုသော စကားသံသည် အရင်ကနားဝင်မချိုနိုင်ခဲ့သော်လည်း၊ အမန်စစ်စစ်ဧကန် မေတ္တာသည်ကား သူ့ဘဝ၏ အမှောင်အားလုံးကို ဖြိုဖျက်နိုင်စွမ်းခဲ့လေပြီ၊ ထိုမျှမက ခရစ်ယာန်ဆိုသော စကားစုသည်လည်း ယခုသော်ကား သကာထက်သာ၍ချို၊ ရွှေစင်အထောင်အသောင်းထက်မက သာ၍ ထိုက်တန်သော 'ရတနာစစ် တပါး' အဖြစ် ရှုမြင်ပိုင်ဆိုင်ခဲ့ရလေပြီ။ ဘေးကပြောသော စကားထက် သွေးကပြောသော စကားသည် ဘဝ၌အမှန်တကယ် နားထောင်ရန် သင့်သော အဖြစ်အပျက် များသာမက နားထောင်သူတို့အား ဘေးဘယာ ဝေးကွာစေ၍ လမ်းခရီးကိုလည်း အစ ဉ်ဖြောင့်ဖြူးစေခဲ့သည်မှာ စာတွေ့သာမက လက်တွေ့၊ မျက်တွေ့၊ ကိုယ်တွေ့ပင်ဖြစ်ပါတော့သည်။

ဓမ္မအဆွေများ ဘဝအမောပြေ၍ ခိုင့်ခန့်နိုင်ကြပါစေ

နာမတော်မြတ်၌
Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages