မိဘစကား လေးထားငြားက
ကင်းပအမှား သားယုံစားလျှက်
သိုဝှက်ရင်ဝယ် သကာနှယ်သို့ 
သားငယ်ကျင့်သုံးလျှက်ပါအမေ.........
ချစ်တဲ့မိခင် သွန်သင်ဆုံးမ
လမ်းပြပို့ ဆောင် ဓမ္မဘောင်သို့ 
ထိုထိုကျိုးဆက် သီးပွင့် ခက်ဝေ
သားငယ်ဘေးကင်းလျှက်ပါအမေ .........
လိုသူကိုမြင် တွဲယှဉ်ဖေးမ
ထူမခေါ်ဆောင် လွှဲကာမရှောင်နဲ့ 
သွန်သင်စကားမှ ရလာဒ်ပွားဝေ
သားငယ်ဂုဏ်တင့်လျှက်ပါအမေ.......
နိစ္စဓူဝ ဗာဟိရတို့ 
မျက်သို့ မကွယ် ဖယ်ကျဉ်မထား
နိုးကြားလုပ်ဆောင် မြဲဖေါ်အောင်၍
သားငယ်အေးချမ်းလျှက်ပါအမေ ။ ။
ဆယ်မြူရယ်စိုးလွင်