လူမှန်ရင်လေ
ပုပုရွရွအနုအလှတို့
တောင့်တမျော်နေ
အကြင်နာတွေ..
ကျားကျားယားယား
မခွဲခြားပဲ
တောင့်တလိုနေ
အကြင်နာတွေ...
ဂုဏ်တွေကွာခြား
အလွာတွေခြားလည်း
ကြီးကြီးငယ်ငယ်
အတူတူမခွဲ
ထာဝစဉ်မျော်လင့်မြဲအရာက
ဖေးကူထူမ
အေးအတူပူအမျဖြင့်
ဆိုးတူလက်တွဲ
ကူမလေမည့်
အကြင်နာသခင်ပဲ...
ဘယ်လောက်ဆိုးဆိုး
လူတွေမကောင်းထိုးလည်း
မခွဲသခင့်အချစ်
ငါပွေ့ဖက်မည်
သခင့်အကြင်နာအချစ်မှာပဲ
မခွါအမြဲခိုလှုံမည်အမြဲကွယ်...။ ။