နှစ်သစ်ကြိုမယ်ဆိုခဲ့ရင် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

နှစ်သစ်ကြိုမယ်ဆိုခဲ့ရင်

 
နှစ်ဟောင်းတွေကုန်လေတိုင်း
အပြစ်ဟောင်းတွေကြေ
နှစ်သစ်မှာ
စိတ်သစ်တွေဖြစ်ဖို့
ရေဘယ်လောက်လောင်းလောင်း
စိတ်တွေပြောင်းလည်းခဲ့ရင်တော့
ရေသာကုန်
စိတ်အညစ်အကြေးတော့ဘယ်ခါမကုန်......

နှစ်သစ်မှာ
စိတ်သစ်နှင့်ဝင်လိုက
မာန်မာနကိုခဝါချ
စိတ်အစဉ်ညွတ်ကျိုးလေမှ
အရာရာဟာအသစ်သွင်ကူး
နှစ်သစ်မှာသင်ပျော်မြူးနိုူင်မှာလေ.....

ပိုးကြိုးသာကုန်
မောင်ပုံစောင်းမတတ်
ဒီလိုအဖြစ်မရောက်ရလေဘို့
အသိကိုအမြဲယှဉ်
ဘုရားကိုသင်တကယ်ခင်လေမှ
အသစ်အသစ်ဆိုတာ
သင်မြင်လာနိုင်လေမှာ....

ဒါကြောင့်
ဒီနှစ်သစ်ကို
ဝင်ကာနွှဲပျော်
ကြိုဆိုနွှဲမယ်ဆိုရင်တော့
အတွင်းကိုသင်
အရင်ဆင်ခြင်ပြင်နော်..။ ။


ဆယ်မြူရယ်စိုးလွင်



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages