သတိယတယ်လေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 11, 2010

သတိယတယ်လေ




အမြင်ဖလှယ်
အသဲခြင်းနွယ်ယှက်
နှစ်ကိုယ်စိတ်မှန်း
အချစ်သိုက်နန်းမှာ
ယုယကြင်နာ
သစ္စာခြုံလွှမ်း
ဘုရားတရား
ဦးထိပ်ထားအညီ
မေတ္တာလွှမ်းခြုံ
တို့နှစ်ဦးရဲ့
သုခဘုံ ။ ။

မျက်ရည်
ရင်မှလှိုက်လှဲ
သဲထဲနာကျဉ်
ဖန်လာသောက
ကြုံလာရမှ
ဝေဒနာအစုစု
ပေါက်ကွဲပြု၍
ဆင့်ဆင့်ပေါက်ကွဲ
ထိန်ချန်ခဲ၍
လိမ့်ဆင်းခုန်ပေါက်
ပါးပြင်ချောက်မှ
စီးကျမျက်ရည်
ကိုယ့်မျက်ရည် .......

အသက်တာကြီးငယ်
မရှောင်သာအမြဲ
ဖန်လာရအမြဲမို့
စီးကျခဲ့မျက်ရည်
သင်....
ဘာအတွက်ကြောင့်
ယိုဆီးခဲ့ရ ။ ။

ဝေးဝေးမဝေးဝေး
အတူတူနေတော့
သူမမျှော်လေသပေါ့
ဒါပေမဲ့လေ
ဝေးကြလေတော့
ကောင်းကောင်းမကောင်းကောင်း
သတိရတယ်
အချစ်ဟောင်းရေ

ဆွေးဆွေးမဆွေးဆွေး
ဝေးကြလေတော့
ငေးကြပေမပေါ့
ဒီလိုအခြေ
တွေ့ကြုံလေတော့
ဟောင်းဟောင်းမဟောင်းဟောင်း
သတိရနေတယ်
အို....အချစ်ဟောင်းရယ် ။ ။



ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages