Saturday, February 6, 2010

လိုလျှင်ကြံဆနည်းလမ်းရ


အာဃလူသား မင်းယောင်္ကျားဟု့ 

လက်ခမောင်းခတ် ဟစ်ကြုံးကြလည်း

မရဏာစကား နားဝယ်ကြားတော့

မျက်ပြူး၊ဆံမတ် ပျာယာခတ်လျှက်

ဥုံဖွလွဲစေ ဆိုရွက်လေက

"အာဃယောင်္ကျား " မဆိုနိုင်အား

လာလတံဘေး ပြေးကာတွေ့ ဟု

လက်မကိုထောင် ဟုတ်မယောင်ဖြင့်

အများကိုလမ်းပြ ပြုနေကြလျှက်

ကိုတွေ့ ကြုံလာ ပြေးကာရှောင်ရှား

ဟိုဟိုဒီဒီ ဆင်ခြေသီက

"အာဏလူသား "မခေါ်နိုင်အား

"အနာသိက ဆေးရှိကြသတဲ့ "

မရှိထက်အမှန် မသိခက်ပြန်၏

မသိထက်ကား မသိလိုငြားခက်

အာဃလူသား ဖြစ်လိုလားလျှင်

တရားကိုရူ ဘုရားကိုမျက်မှောက်ပြုမှ

မုချလွဲမသွေ ဖြစ်လိမ့် မည်အိုအဆွေ...။ ။