
ဝေဟင်တိမ်ဖျား
လာမကြွားနဲ့
နီးနီးဝေးဝေး
ငါမတွေးဘူး
စိမ်ခေါ်ရင်လေ
မိုးထိအောင်ပင်
လိုက်မယ်အဆွေ
ဘာဘာညာညာ
လာမပြာနှင့်
သေခြာသိထား
ငါမကြွားဘူး
မိုးအောက်ငရဲ
ငါလေမခွဲလိုက်မှာဘဲလေ
သာသာနာနာ
ငါမဝါဘူး
အကောင်းအဆိုး
လာမတိုးနဲ့
မင့်သာပါရင်
အဝစိငရဲ
ငါမခွဲဘူး
နောင်ရေးနောင်စျေး
ငါမတွေး
အတ္တနဲ့ယှဉ်
ငါလေအစဉ်
မင့်အထက်မှာပင် ။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...