မခွဲပါလေ သခင့်အကြင်နာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 11, 2010

မခွဲပါလေ သခင့်အကြင်နာ



လူမှန်ရင်လေ
ပုပုရွရွအနုအလှတို့
တောင့်တမျော်နေ
အကြင်နာတွေ..

ကျားကျားယားယား
မခွဲခြားပဲ
တောင့်တလိုနေ
အကြင်နာတွေ...

ဂုဏ်တွေကွာခြား
အလွာတွေခြားလည်း
ကြီးကြီးငယ်ငယ်
အတူတူမခွဲ
ထာဝစဉ်မျော်လင့်မြဲအရာက
ဖေးကူထူမ
အေးအတူပူအမျဖြင့်
ဆိုးတူလက်တွဲ
ကူမလေမည့်
အကြင်နာသခင်ပဲ...

ဘယ်လောက်ဆိုးဆိုး
လူတွေမကောင်းထိုးလည်း
မခွဲသခင့်အချစ်
ငါပွေ့ဖက်မည်
သခင့်အကြင်နာအချစ်မှာပဲ
မခွါအမြဲခိုလှုံမည်အမြဲကွယ်...။ ။

 
 
ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages