Saturday, February 6, 2010

ပညာရှင်ဟူသည်


ဗဟုသုတ ဆည်းပူးကြလျှက်

နူတ်ငုံဆောင်ကာ ဂုဏ်ရည်ပြောင်လည်း

မသုံးခက်တွေ့  သင်အံသရွှေ့ က

အချည်းနှီးသာဖြစ်ကြရာ၏ ......

အဆုံးတိုင်စေ ပညာကြေလျှက်

အဆီအနှစ်တွေ ပြည့် နှက်နေလည်း

ဆိုးကောင်းမသိ ဥာဏ်ရောင်မရှိက

မ၀င်အကျိုး ဖန်လာရှုံး၏ .......

တိုထွာပညာ ကြားနာမှတ်ကြုံး

ပိုင်းခြားသိမြင် သုံးတတ်လျှင်တော့ 

ပညာအလင်း အမှောင်ခွင်းသည်

အမှန်ပညာ ဆိုသင့်ရာ၏ ။ ။