ကြားနေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 14, 2010

ကြားနေ

 
 
 
 
 
 
 
ဘဝဆိုတာက တကယ့်ပျော်ရွှင်စရာကြီးပါပဲ။ 
ကြည့်လိုက်ပါ လူအုပ်ကြီးက မနည်းမနော တကယ့်ပွဲတော်ကြီးတခုကို သွားနေကြသလိုပင်ဖြစ်သည်။ 
ဖြူနီဝါပြာ အရောင်အသွေးစုံလှသလို။ 
ကျားမကြီးငယ်။ အရွယ်စုံး ဆိုက်စုံ။ 
နိုင်ငံလူမျိုးအစုံ တကယ့်ဘယ်မှာမှ ရှာဖွေမတွေ့နိုင်သည့် လူအုပ်ကြီးရယ်ပါ၊
     
သေချာကြည့်မှ လူအုပ်ကြီးက ဟိုတစု ဒီတစုဦးတည်သွားလာနေမှန်းပိုသေသေချာချာ သိမြင်လာသည်။ နောက်ပြီး သွားနေကြတဲ့ လူထုကြီးမှာ သူ့အဖွဲ့နှင့်သူ ဟုတ်နေကြသည်။ တမျော်တခေါ်ကြညှု့် မဆုံးနိုင်။ တမျှော်တခေါ်ရှုမငြီး ခါတိုင်းမြင်တွေ ့နေကျ။ ဈေးပွဲတော်ပင် ယခုလောက်စည်ကားသိုက်မြိုက်နေမည် မဟုတ်သည်က အသေအချာပင်ဖြစ်သည်၊

ကလေးလက်ကို ကိုင်စွဲကာသွားနေသော။ မိခင်များကတသုတ်ရိုက်သွားနေကြသလို။ ပျော်ရွှင်ကြည်နူးကာ မတူမခွဲရွှေလက်တွဲ သွားနေကြသော အပျိုလူပျို တသိုက်ကလည်း တကယ် ဘယ်ခါမခွဲဟု သံန္ဒိဌာန်ချထားသည့်နှယ်။ နောက် လူကြီးရွယ်အို များကလည်း  မမြင်မစမ်း စမ်းတဝါးဝါးဖြင့် သွားလာနေကြသည်က ကြည့်မြင်ရသူအဖို့တကယ့်ရင်မအေးစရာ သနားစရာ့မြင်ကွင်းကျယ်ကြီးပါလေ၊ နောက်ပြီး ရွှေငွေ တွဲလောင်းဖြင့် စီးကရက်ကို လက်ကြားညှပ်ကာ ဟန်ပါပါဖြင့် သွားလာနေကြသော လူဂုဏ်တန် မမကြီးများကလည်း ဟန်ပန်အတင့်တင့်ဖြင့် လောကကြီးအား ထာဝရပိုင်စိုးနေသယောင်ယောင်ဖြင့် ခေါင်းမော့ရင်ကော့ကာ သွားနေသည်ကို ကြည့်မြင်ရသည်ကပင် တကယ့် ရင်မောလှိုက်တုန်စရာ အစုံတကာ့ အစုံပါပဲ၊

            နောက်ပြီး သွားနေတဲ့လမ်းကိုလည်း ကြည့်ပါဦး သူ့ရဲ့ လကျင်္ာဘက်မှက တဖွဲ့။ သူ့ရဲ့လက်ဝဲဘက်မှာက တဖွဲ့တကယ့်လမ်းကြီးပါ။ သို့တိုင်အောင် လမ်းတွေက အသီးသီးရှိထားနေစေကာမူ ထူးခြားချက်က တလမ်းက တကယ့်အကျယ်ကြီးဖြစ်ပြီး။ ကျန်တလမ်းကတော့ တကယ့် လမ်းကျဉ်းကလေးပါပဲ၊ သူဘယ်လမ်းကိုမှ လိုက်သွားခြင်းမရှိပဲ လမ်းဆုံလမ်းမကြီးမှာပဲ ရပ်နေမိတာက သူ ့ရဲ ့သဘာဝ ဘယ်တော့မှ သူ့အနေနှင့် တဖက်စွန်းကို မရောက်လိုသူ ထို့ကြောင့်လည်း ထိုလမ်းများမှာ လူတွေက အသီးအသီး ရွေးချယ်ကာ လျှေက်လှမ်းသွားကြပေမဲ့သူကတော့ သူ ့စံနှုန်းနှင့်သူ အလယ်အလတ်လမ်းစဉ်ပေါ့နော်၊

            ဟုတ်တယ်လောကမှာ လူဆိုတာက နေတတ်မှမြတ်။ ရှင်တတ်မှ ဘဝင်ရွှင် အားလုံးကအသိပေမဲ့ သူနှင့် လူအနည်းစုကသာ ကောင်းစွာအသက်ရှင် တတ်ကြတာကို ငယ်ပေါင်းကြီးဖေါ်သူငယ်ချင်းများကပင် အားလုံးအသိ၊

            အားပါးပါး ကြည့်နေရင်း ကြည့်နေရင်းမှာပင် လူအုပ်ကြီးက ရွှေလျားသွားလာနေလိုက်ကြတာ။ အဖွဲဖွဲနှင့်သွားလာနေကြသည့်အတိုင်း ထိုသူအဖွဲ့အစည်းများတို့ဟိုခပ်လှမ်းလှမ်း လမ်းမကြီးတွင်  ပုဂ္ဂိုလ်နှစ်ဦးကစောင့် ကမ်းလက်ကြိုနေသည် ကိုအတိုင်းသားတွေ ့မြင်နေရသည်၊ သေသေချာချာ လှမ်းကြည့်တော့ သူ ထိုပုဂ္ဂိုလ်များကို ကောင်းကောင်းမြင်ဘူးနေသည်ကို သတိထားမိသည်၊

            " စဉ်းစားစမ်း စဉ်းစားစမ်း"

သူ့ကိုယ်ကိုသူ အမိန် ့ပေးရင်း အသေအချာစဉ်းစားကြည့်တော့ ဟုတ်ပြီ သူက မှတ်ဥဏ်ကောင်းသည့်နေရာမှ ပြိုင်ဘက်မရှိ အလွန်မှတ်ဉာဏ် ကောင်းခဲ့ သူမို့ကြာကြာမစဉ်းစားလိုက်ရ ကောင်းစွာမှတ်မိသွားသည်။ ထိုသူက သူငယ်ချင်းတွေ ပြောပြောနေတဲ့ ' ယေရှုခရစ်တော် ဆိုသော ပုဂ္ဂိုလ်ဖြစ်ပြီး။ နောက်တဦး ကတော့ သူကောင်းကောင်းစဉ်းစား မရနိုင်သေးပေ။ သူမှတ်ဉာဏ်ကောင်းပေမဲ့ ကျန်ရှိနေသေးသေား ပုဂ္ဂိုလ်ကိုတော့ဖြင့် သူကောင်းစွာ သိကြွမ်းခြင်းမရှိခဲ့သောကြောင့် တော်တော်နှင့် သူ.မှန်ဉာဏ်က ဖေါ်ပြမပေးနိုင်ပေ။

            "ဘာပဲဖြစ်ဖြစ် သူ့ကို ဘုရားတရားအကြောင်းအမြဲပြောပြောနေတဲ့သူငယ်ချင်းအကြောင်းကို ပြန်စဉ်းစားလိုက်ရင်တော့ ဆက်နွယ်မှုဆိုတာရှိလာမှာပါ"

သူစဉ်းစားသည်မရ ဒါဆိုသူတွေ့ဘူးကြုံဘူး။ ကြားဘူးနားဝရှိသောသူမဟုတ်တာတော့သေချာနေသည်၊

 မှတ်ဉာဏ်တွင် သူ့အကြောင်းမပါလာတော့ တောင်မြောက်လေးပါ ထွေရာလေးပါး စဉ်းစားလိုက်သည်။ ထိုအချိန်တွင် သူ.ဦးနှောက်အတွင်းသို့ အလင်းတန်းကလေး လက်ကနဲ ဝင်ရောက်လာသည်၊

            " သြော် သက်ထာဝရ မဂ္ဂဇင်းမှာ သူဖတ်ဖူးတဲ့ကာတွန်းထဲက စာတန်ဆိုတာနှင့်တော့ ခပ်ဆင်ဆင်ပင်"

သေချာသည် ထိုပုဂ္ဂိုလ်ပါပဲ။ ဒါပေမဲ့ ကာတွန်းမဂ္ဂဇင်းထဲကလိုတော့ဖြင့် ရုပ်ဆိုးဆိုးဖြင့်တော့ မဟုတ်။ ဇီးကွက်လောက်တော့ ငှက်တိုင်းလှဆိုသလို သူလည်း သူ ့အတိုင်းအတာနှင့်တော့ သူတင့်တယ်ခြင်းအသရေတော့ ရှိနေပါသည်။

            အားလုံးသော လူတွေကို သူငေးကြည့်ရင်းတွေးခေါ်နေစဉ်မှာပင် ဆိုင်ရာ ဆိုင်ရာ အသီးသီးကို ဆိုင်ရာဆိုင်ရာ ခရစ်တော်ယေရှုက။ ဆိုင်ရာ ဆိုင်ရာလူများကို စာတန်က အသီးအသီး သိမ်းဆည်းခေါ်ဆောင်သွားလေသည်ကို မြင်တွေ့နေရသည်။

            သူကတော့ဖြင့် ကြားနေဝါဒဖြင့် အသာပွဲကြည့်သူသက်သက်အဖြစ်သာ ပါဝင်ပါတ်သက်နေသည့်အလားပင်ဖြစ်နေသည်၊ ဟောတယောက် ဟောတယောက်ဖြင့် လူထကြီးမှာ ပျောက်ကွယ်သွားလိုက်တာ နောက်ဆုံးသူသာကျန်ရစ်တော့အထိ ဖြစ်လာတော့သည်၊

            အားလုံးကို ငေးကြည့်နေရင်းနှင့် ဘယ်သူမှ မရှိတော့သောအခါ သူလည်း တောင်ယောင်ယောင် မြောက်ယောင်ယောင်ဖြင့် ယောင်နနရှိနေစဉ်။ ဝင်းကနဲ လက်ကနဲဖြင့် စာတန်သည် ပြန်ပေါ်ချလာကာ ဟိုရှာဒီရှာဖြင့် ပျာယာခတ်နေသည်ကို အတိုင်းသားတွေ ့မြင်နေရသည်၊ နောက်ဆုံးမြင်ရသူအဖို့ သူ့အဖြစ်က သနားစရာ အသွင်ပေ။ တကယ် ပစ္စည်းအဖိုးတန် တခုခုကို ရှာဖွေနေသည့်အသွင်ပင်ဖြစ်သောကြောင့် သူပင်သနားသွားကာ စာတန်အား သူမေးခွန်းထုတ်ရန် စိတ်ကူးမိသည်၊

            " ကျေးဇူးပြုပြီး ကျွန်တော် ခင်ဗျားကို ဘာကူညီပေးရမလဲဗျာ ခင်များကိုကြည့်ရတာ တခုခုပျောက်တာကို ရှာနေသလိုပါပဲလား"

သူ.စကား အဆုံးမှာတော့ စာတန်က ဝမ်းသာအဲလဲဖြစ်သွားသည့် မျက်နှာဖြင့်  တောက်ပစွာပြုံးရင်း သူ့အားစေ့စေ့ကြည့်ကာ စကားဆိုသည်၊

            " သြော် ဒီမှာတွေ့ပြီ။ ခင်ဗျားက ဒီမှာကိုး။ ကဲလာလာ ခင်ဗျားကို ကျုပ်လာရှာတာပါ"

            "ကျွန်တော်က ခင်များနောက်ကိုလည်း မလိုက်ဘူး။ ယေရှုနောက်ကိုလည်း မလိုက်ဘူး ကျုပ်က ကြားနေဝါဒသမားဗျ"

             "အေးမင်းက ယေရှုနောက်လိုက်မဟုတ်တော့ ယေရှုလူမဟုတ်ဘူး။ ဒါဆိုတော့ ကျုပ်လူပေါ့ဗျ"

             " ကျွန်တော် ဘယ်သူ ့ဘက်မှ မပါတဲ့ ကြားနေဝါဒ။ ဟော့ဒီ လမ်းဆုံမှာ ရပ်နေတာပါဗျာ။ ခင်များက မဦးမချွတ် လျှောက်ပြောမနေပါနဲ့"

             "ဒီဆုံမှတ်လမ်းကလည်း ကျုပ်ပိုင်နက်ပါပဲ။ ဒါ့ကြောင့် ကျုပ်ဘယ်လိုမှ မှားစရာအကြောင်းမရှိဘူး နောက်ဆုံးတော့လည်း ခင်များက ကျုပ်ရဲ့လူပါပဲ။ လာကြာတယ်သွားကြမယ် "

နောက်ဆုံးတော့ ကျုပ်ဘဝက ကြားနေဝါဒဆိုတာ တကယ်မဖြစ်နိုင်မှန်း သိပေမဲ့ အခုတော့ အားလုံးအချိန်နှောင်းသွားပါပြီ။ ကျုပ်အခုတော့ ယေရှု ခရစ် တော်နောက် မလိုက်ရန် ရွေးချယ်ရန် အခွင့်အလမ်းသာ အခွင့်အလမ်းရှိခဲ့ပေမဲ့။ ကျုပ်မရွေးခဲ့ဘူး၊ ဒါပေမဲ့ စာတန်နောက်ကိုတော့ဖြင့် ကျုပ်မရွေး ချယ်ခဲ့ပေမဲ့ တခုသောလမ်း အရှင်ခရစ်တော်ကို ငြင်းပယ်ခြင်းက အခြားသော အခွင့်အရေးဖြစ်တဲ့ အမှောင့်ပယောဂ လမ်းကိုရွေးချယ်သလိုဖြစ်သွားခဲ့တာက။ လောကမှာ တကယ်တော့ ကြားနေဝါဒဆိုတာ မရှိတော့မှန်း ဘဝနှင့်ရင်းပြီး သိခဲ့ရချိန်မှာတော့ ကျုပ်ရဲ့လက်တဖက်က စာတန်မာရ်နတ်ရဲ့ လက်တဖက်က ဆုပ်ကိုင် ဆွဲငင်ခေါ်ဆောင်ရာသို့......။

ဓမ္မအဆွေများ ဘဝအမောပြေ၍ ခိုင့်ခံ့နိုင်ကြပါစေ။

နာမတော်မြတ်၌

Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages