Saturday, February 6, 2010

ချစ်သ၀ဏ်လွှာ


တနေ့ တာအမောတွေ

ခဏတာပြေစေဖို့ 

လမ်းဆန်းအာရုံ

သောကတွေကုန်ဘို့ 

ကဗျာ၊ဂျာနယ်

စာစောင်၊၀တ္တူ

အစု့ စု့ တို့ 

အနုအလှဝေ

ဝိုင်းကာနေ၍

ဝဲလက်ယာမှာ

လွယ်လင့် ပါလည်း

ပမာအမှု့ မထား

ဒါတွေကိုငါမလိုလား .......

လူတော့လူပေ

ငါ့စိတ်တွေကြည်ဘို့ 

မတူလူတကာ

ပြုကျင့်ငါကား

စိတ်မှာဝင်စား

အာရုံခင်ငြားတာက

မုသားကင်းစင်

နှုလုံးဖြင့် ယှဉ်၍

သွေးနဲ့ သက်သေတည်

သစ္စာမေတ္တာညီတဲ့

ချစ်သူပေးလာ

ချစ်သ၀ဏ်လွှာ ။ ။