Tuesday, February 9, 2010

ငါ.....




"ငါ့မြင်းငါဆိုင်းစစ်ကိုင်းရောက်ရောက်"

"ငါ့လှေငါထိုးပဲခူးရောက်ရောက်"

"ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ "

စကားကိုအလွဲယူ

ဘ၀ကိုအလွဲထူလျှက်

ဘ၀ကိုရေဆုန်မျော

ပျော်ရွှင်စွာနောတော့

ကမ်းခြေမဲ့ကင်း

ပင်လယ်တွင်းမှာ

တက်လည်းမပါ

မျောကာပါဆဲ

မာယာသာခင်

ဘယာမမြင်ဘဲ

အပျော်လွန်ကျူး

အချိန်ကဦးတော့

ငါ...........

အတ္တကိုအဖေါ်ပြု

မရဏာကိုအာခံတုလည်း

အဆုံးမှာ " ငါ "သာ

လူဖြစ်ကျိုးဆုံးရှံးခဲ့သူပါ ။ ။