Home » » သွေးကပြောသောစကား

သွေးကပြောသောစကား





သွေးစကား
ဘေးစကားမယုံနဲ့ သွေးစကားကိုသာယုံ
ငယ်စဉ်ကကြားဘူးတဲ့
မရိုးနိုင်စရာ စကားအလာကို
ငယ်သူပေမို့
ပေါ့ပေါ့စစ
တွေးမှတ်ကာထင်
ဘဝင်လေခိုက်
ငါကောင်းခေါင်းမရွေ့
ပီတိတွေနဲ့ ငါ့မိုက်ဓလေ့.......

အခုတော့
ဘေးစကားတွေ
မကြားလိုနားပိတ် ငါနှုတ်ပိတ်လည်း
အသံတိတ်နှင့် ကြားရအဖန်ဖန်
မမြင်ရန်မျက်စိ ငါမှိတ်ကြည့်လည်း
ဘေးဘီးဝဲယာ တွေ့မရှောင်ဘူး
ကြုံရဆုံရ စာတွေ့မှသည် လက်တွေဘဝ.....

ကိုယ်တွေ့ကြုံမှ
အမြင်မှန်ရသည့်
လူမိုက်ထဲတွင်ငါအဝင်ထင်ရဲ့
သို့တိုင်နောက်မကျ
သွေးချွေးနှင့်ရင်း အသဲအသက်နှင့်သည့်
ချစ်သူသခင် မေတ္တာအရှင်အား
မနှောင့်မှီတွင် သွေးစကားတန်ဖိုးငါသိမြင်။ ။


ဆယ်မြူရယ်စိုးလွင်


Facebook

အကြိုက်များသောပို့စ်များ

ယေရှုရှင်အား တိုင်တည်ခြင်း

  အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့်  ဟောပြောသွန်သင်  အလွှာခွင်ဆင့်စုံတို့  သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး  အကျိုးကျေးဇူးရာထောင်  က...

 
Created By Samuel Soe Lwin | Distributed By Grace Church-Yay Tho