Saturday, February 6, 2010

အနာဂါတ်ပန်းတိုင်


ဟိုအတိတ်ကအကြောင်း

ပြန်တွေးကမရစကောင်းလည်း

ပြန်ပြောင်းကြည့် လျှင်

စိတ်ဘ၀င်ရွှင်မြဲ

ပေးခဲ့ကတိ

ဖြည့်ခဲ့သည်ယနေ့ အထိမို့ 

မခွါဖ၀ါး

လိုက်ခဲ့သည့်အဖြစ်အား

နောင်တဘယ်ခါမရ

မြဲမြံအချစ်သာခိုင်တိုးရ ။

ဟိုအနာဂါတ်အကြောင်း

လုပ်ယူကာမရစကောင်းလည်း

တွေးဆမျော်မြင်

မေတ္တာမှန်ဆင့်ကဲ

နစ်သွယ်မိဘ

သဘောကြရက်မြတ်ခရဘို့ 

လက်တွဲစွမ်းဆောင်

ဖေါ်ဆောင်မည်ရုပ်လုံး

မိုးမြေသုဉ်းစေ

ပန်းတိုင်မသွေရောက်ရမည်ကြင်သူအဆွေ ။