လိုလျှင်ကြံဆနည်းလမ်းရ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

လိုလျှင်ကြံဆနည်းလမ်းရ


အာဃလူသား မင်းယောက်ျားဟု
လက်ခမောင်းခတ် ဟစ်ကြုံးကြလည်း
မရဏာစကား နားဝယ်ကြားတော့
မျက်ပြူး၊ဆံမတ် ပျာယာခတ်လျှက်
ဥုံဖွလွဲစေ ဆိုရွက်လေက
"အာဃယောင်္ကျား " မဆိုနိုင်အား

လာလတံဘေး ပြေးကာတွေ့ဟု
လက်မကိုထောင် ဟုတ်မယောင်ဖြင့်
အများကိုလမ်းပြ ပြုနေကြလျှက်
ကိုတွေ့ကြုံလာ ပြေးကာရှောင်ရှား
ဟိုဟိုဒီဒီ ဆင်ခြေသီက
"အာဏလူသား "မခေါ်နိုင်အား

"အနာသိက ဆေးရှိကြသတဲ့ "
မရှိထက်အမှန် မသိခက်ပြန်၏
မသိထက်ကား မသိလိုငြားခက်
အာဃလူသား ဖြစ်လိုလားလျှင်
တရားကိုရူ ဘုရားကိုမျက်မှောက်ပြုမှ
မုချလွဲမသွေ ဖြစ်လိမ့်မည်အိုအဆွေ...။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages