ရာသီခွင်စနစ်သာ ကုန်လွန်ကာနှောင်း
ရက်တွေပြောင်း လတွေပြောင်းလျှက်
အမြဲတစေ ပြောင်းလဲနေလည်း
ရာသီနဲ့ မတူ အမြဲသစ်လွင်ဖြူတာက
ဤကမ္ဘာမှာ အမေ့မေတ္တာ။
သွေးသားခန္ဓာသာ မတည်ရွှဲ့ ဆောင်း
ဇရာထောင်း အိုကာညောင်းလျှက်
အလီလီပဲ ညောင်းခဲ့ခြေလည်း
ဲဓမ္မတာနဲ့ မတူ အမြဲသစ်လွင်ပျိုတာက
ဤကမ္ဘာမှာ အမေ့ကရုဏာ ။
သိုမှီးပညာတွေသာ မွမ်းမံမှကောင်း
စနစ်ဟောင်းပြောင်း အသစ်ပေါင်းလျှက်
ထပ်မံပြုချေ ပြုရလေလည်း
စနစ်နဲ့ မတူ အမြဲသစ်လွင်တင့်တာက
ဤကမ္ဘာမှာ အမေ့သစ္စာ။