အမေပြောဘူးရဲ့
အ၀က်စုတ်ရင်စုတ်ပါစေ
အလုပ်မစုတ်စေနဲ့ တဲ့....
အဝေးသွားရင်လေ
ခရီးမပေါက်ရင်နေ
အလွဲမရောက်စေနဲ့ တဲ့...
ဘ၀အသက်တာမှာလေ
ကျေးဇူးမဆပ်နိုင်ရင်နေ
ကျေးစွပ်သူမဖြစ်စေနဲ့ တဲ့...
ဘုရား၊တရားလည်းမမေ့နဲ့ 
အထက်ပါစကား
သားမောင်ရေလက်ကိုင်ကာထားတဲ့....
အမေ့ရဲ့အမှာစကား
ဖိုးထိုက်ပတ္တမြား
သားဘ၀မှာသုခပွား ။ ။
ဆယ်မြူရယ်စိုးလွင်