အာရုံငါးပါးဖြင့်တိုင်းတာခြင်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

အာရုံငါးပါးဖြင့်တိုင်းတာခြင်း

 
 
 
 
 
 
 
နံနက်ခင်းတစ်ခုတွင် မောင်နွေဦး အိမ်နောက်ဖေးရှိ မိမိစိုက်ပျိုးထားသော ခရမ်း၊ ငရုတ် စသောအပင်ငယ်ကလေးများအား ရေလောင်းပေါင်းသင်နေစဉ်….

ငယ်စဉ်မှမိမိအား  နို့တိုက်ကျွေးခဲ့ဘူးသော ဆရာဝန်မကြီး  ဒေါ်ဝိုင်းကြည် ရောက်ချလာကာ မေးခွန်းတစ်ခု့သူ့အား မေးလေ တော့သည်။

" အေးဟယ်.. နားရှိလို့သာ ကြားရတယ် ငါ့ဖြင့် ယုံတောင် မယုံနိုင်ဘူး နင်က လူတွေမှာ တမလွန်အတွက် ၀ိညာဉ်ဆိုတာ ရှိပြီး အဲ့ဒီ ၀ိညာဉ်ကယ်တင်ခြင်း ရောက်ဖို့ အရေးကြီးကြောင်း ကိုယ်တိုင်ကိုယ်ကျ အေးအေးဆေးဆေး လက်ခံခြင်ရင်လည်း လက်ခံပေါ့၊ အခု့တော် အခြားသူတွေကိုပါ ဟောပြောနေတယ်လို့ကြားတယ်…. အရီးမေးပါရစေ အဲ့ဒီ ၀ိညာဉ်ကို ငါ့တူကိုယ်၌ကကော မြင်ဘူးသလားကွယ်´´

အမေးရှိက အဖြေရှိရပေမည်မို့ နွေဦး စိတ်တွင် တိုးညှင်းစွာဆုတောင်းရင် ဖြေရန် အရီးဝိုင်းကြည်အား အဖြေပေးလိုက်သည်။

" မမြင်ဘူးပါဘူ အရီး´´

" ဒါဖြင့် အသံကော ငါ့တူ ကြားဘူးရဲ့လားကွယ်´´

" အသံလည်း မကြားမိဘူးပါဘူး အရီး´´

" ကဲ့ဒါဖြင့်.. အနံအသက်ကော ရဘူးရဲ့လား ပြောပါဦး´´

" ဒါလည်း မရဘူးပါဘူး အရီးရယ်´´

" ကဲ့…ကဲ့ အရသာ အချို၊ အခါးကော မြည်းစမ်းဘူးသလားကွဲ့ ငါ့တူရဲ့ အရီးကို ပြောပြပါဦး´´

" အဲ့လိုလည်း မရပါဘူး အရီးရယ်´´

" ကိုင်တွယ်လို့ကော ရသလား ဒီတခါတော့ ပြောပါဦး အရီးတူရဲ့ ရှင်းစမ်းပါဦး ငါ့တူက ပြည်ပတွေလည်း ကောင်းကောင်း သွားဘူးတယ်ဆိုတော့
အရီးတို့ထက် ပိုသိမှာပါ ´´

" ကိုင်တွယ်ထိတွေ့လို့လည်း မရနိုင်ပါဘူး အရီးလေး ´´

" ဒါဖြင့် ငါ့တူပြောတဲ့  ၀ိညာဉ်ကယ်တင်ခြင်းဆိုတာက စိတ်အာရုံတစ်ခုတည်းဖြင့်သာ ခံစားလို့ရတာပေါ့နော်´´

" ဟုတ်ပါတယ် အရီး´´

"ဒါဖြင့် စဉ်းစားကြည့်ပါဦး အာရုံငါးပါးမှာ လေးပါးက လုံးဝ မထောက်ခံတော့ တိုးတက်နေတဲ့ ဒီနေ့ သိပ္ပံခေတ်ကြီးမှာ ငါ့တူရဲ့ ခံယူချက်က
မှားမနေဘူးလားကွယ်´´

အောင်ပွဲခံနေသော စစ်သူကြီးအသွင်ဖြင့် ပြောနေသော ကျေးဇူးရှင် နို့တိုက်မိခင်အား သူအတတ်နိုင်ဆုံး လေသံအေးအေးကလေးဖြင့် သွယ်ဝှိက်ကာ
မေးဖြေဖြေလိုက်ရန် စိတ်ကူးလိုက်လေတော့သည်။

" ဒါဖြင့် အရီးလည်း ဆရာဝန်ဆိုတော့ မေးပါရစေ ရောဂါဆိုတာကို မြင်ဘူးသလား ဖြူသလား မဲသလားပေါ့ဗျာ´´

" ရောဂါပါဆိုကွယ် ဘယ့်နှယ်မြင်၍ ရပါ့မလည်း´´

" ဒါဖြင့် အသံကော အရီး´´

"ဘာထူးမှာလည်းကွယ် ဒုံးရင်း ဒုံးရင်းပေါ့ နားနှင့်တော့ အသံမကြားနိုင်ပါဘူး ´´

" နောက်ပြီး အရသာကိုကော  ရောဂါအလိုက် အချို၊ အချဉ်၊ အဖန်၊ အခါး ဆိုပြီးမြည်းစမ်းလို့ရမလားဗျာ´´

" ဘယ်ကသာကွယ် ပေါက်ပေါက်ရှာရှာ ငါ့တူနှယ်´´

" ကိုင်တွယ်၍ ပြသလို့ကော ရနိုင်ပါသလားဗျာ´´

" ဒါလည်း ရှိုးကြည့်နှင့် ငုံကြည့်ပေါ့ကွယ်´´

"မွှေးသလား၊ နံသလားကော အရီး´´

" ငါ့သက်တမ်း တလျှောက် မတွေ့ဘူး မကြားဘူးပါဘူးကွယ် ငါ့တူရယ်´
´
" ခံစားလို့တော့ဖြင့် ရတယ်နော်အရီး ´´

" ဟယ် ငါ့တူနှယ် ဒါတော့ ကောင်းကောင်း ရတာပေါ့´´

" ဒီလိုဆိုရင် အရီးလေးပြောသလို လူနာတွေက အရီးလေးကို ကျွန်တော်၊ ကျွန်မမှာ ဘာရောဂါမှ မရှိပါဘူးဗျာလို့ လာပြောရင် ဘယ်နှယ့် အဖြေပေးမလည်း
ဆိုတာ ကျွန်တော် သိပါရစေ အရီးလေး´´

သူ၏ စကားအဆုံးမှာတော့ ဆရာဝန်မကြီး ဒေါ်ဝိုင်းကြည်သည်  အဖြေမပေးတော့ပဲ အတန်ကြာကြာသည့်တိုင်အောင် တွေဝေနေရင်း၊ တီးတိုးပြောလိုက်သည်
ကိုတော့ဖြင့် သူကောင်းကောင်းကြားလိုက်ရသည်၊

ထိုစကားကတော့ဖြင့်…..

" အေး…….. ဒါလည်းဟုတ်တာပါပဲလေ´´

ဓမ္မအဆွေများ ဘဝအမောပြေ၍ အစဉ်ခိုင်ခန့်နို်င်ကြပါစေ။

Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages