
မသိတသိနဲ့မင့်နဲ့ ငါ
ဒီလိုနဲ့ အချိန်ကြာလာ
ဘေးပြောတွေစကြတော့
ရင်ခုန်တတ်ကြပါလေရော့...
ချစ်စိတ်မရှိတရှိနဲ့ မင့်နဲ့ ငါ
အချိန်တန်အရွယ်ကရလာ
ရင်ခုန်တတ်လာတော့
ချစ်တတ်လာကြပါလေရော့.....
အပူအပင်မသိတသိနဲ့ မင့်နဲ့ ငါ
ဇရာလေးကရလာ
အို၊နာ၊တွေရှိလာတော့
တမလွန်ရေးတွေးကြပါလေရော့....
စိတမ်အေးတအေးနဲ့ မင့် နဲ့ ငါ
နေမင်းတောင်စွယ်ကြလာ
ရိက္ခာတွေအပြည့်ပါတော့
အရန်သင့်ရှိကြတာပေါ့ ။ ။