Monday, February 15, 2010

Biblical Mail





 
 

mailဟေ့ဟေ့…..ဒီမှာ ဒီမှာ
ကောင်းစား ချင်သလား
အတွေး မမှားနဲ့နော်
ဘုရားပေး ဦးနှောက်ကို
အလွှာလိုက် မင်း သုံးတတ်ရင်
မင်း ခြေလက်လည်း မီးပြာမစွဲဘူး
အဆင့် အတန်း လည်း မနိမ့်
ခြံ တိုက်တာလည်း ဖိတ်ဖိတ် တောက်မယ်
ဒါက အလွယ်လေး
E-Mail Account လုပ်
အရပ်ရှစ် မျက်မှာစာတွေပို့
ကောင်းကြီး မိုးဆွေ
အရပ်ရှစ် မျက်နှာမှ လာမယ်လေတဲ့…

ဟေ့ဟေ့……ဒီမှာ
ဇာတိ စကားတွေ များ
ယောင်၍ပင် အတွေး မမှား လေနှင့်
သမ္မာတရား မှာ သာ ကျင်လည်
ဘုရား အလိုတော် သာ မှီဝဲရင်
မင့် ဂုဏ်အရှိန်လည်း မီးပြာ မစွဲရဘူး
အောက်တန်းလည်း သင် မကျ
သခင့်ဘုန်းလည်း ဖိတ်ဖိတ် တောက်မယ်

ဒါကမှ အလွယ်လေး
Kneel-Mail Account လုပ်
အထက်အရပ် ကိုသာ တင်ပို့
ကောင်းကြီး မိုးတွေ
အရပ် ဆယ်မျက်နှာ မှ လာမယ်လေတဲ့…
ဇာတိ သွေးထိုး ပြောစကားနှင့်
ဝိညာဉ်သွေး စကား ငါလေကြားတော့
ဘေးဘီးဝဲယာ ကို ငါကြည့်
သင်္ခန်းစာ ယူလိုက် မိတာက
ရှက်ကြောက် စရာလည်း မလို
Line ပြတ်တောက်၊ နှောင့်နှေး ကြန့်ကြာ တတ်တဲ့
E-Mail  ကိုလည်း ငါမဖွင့်
နှောင့်နှေးခြင်း ကြန့်ကြာ စရာ
ဇယားရှုပ်စရာမလိုတဲ့
Kneel-Mail Account ကိုငါဖွင့်
Kneel-Mail ကို ကျင့်သုံးခဲ့တာ
ယနေ့ တိုင်အောင် သခင့်ဘုန်း လက်ဖြာ လျှက်ပါပဲလေ။ ။

Samuel Soe Lwin