နှုတ်ကပါတ်တော် သမ္မာတရားစကား - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 14, 2010

နှုတ်ကပါတ်တော် သမ္မာတရားစကား


အမှာစကား။
 
 
နှုတ်ကပတ်တော်
ကျွန်ုပ်ခံစားရသော ကောင်းကြီးမင်္ဂလာများအား ညီအကို မောင်နှမ များနှင့် အတူတကွ မျှဝေခံစားနိုင်ရန် ရည်စူးပြီး ဤစာမူများကို ပေးပို့ရခြင်းဖြစ်ပါတယ်၊ ထို့အတွက်ကြောင့် ချစ်သော ဓမ္မမိတ်ဆွေများ အနေဖြင့် အသက်တာတွင် ကောင်းကြီး တခုခု အတွက် ကဏ္ဍတစ်နေရာမှ အမှန်ပါဝင် ဖြည့်ဆည်းပေးခွင့် ရပြီဆိုပါက ကျွနု်ပ် ကျေနပ်ဝမ်းမြောက်ရပါပြီ။ ဤကား ကျွနု်ပ် သခင့်နောက် လိုက်ရကျိုူး နပ်ပေပြီ ။

နှုတ်ကပါတ်တော်
သွန်သင်၍ ယုံကြည်သက်ဝင်သော တရား တို့ကို အခြေခံ ယုံကြည်ချက် များ အဖြစ် ဟူ၍ခေါ်ပြီး၊ ထိုအရာအားလုံးတို့သည်လည်း ခြေခြေမြစ်မြစ် အရင်းခံ ရှိရပေမည်။ ကျွနု်ပ်တို့၏ ယုံကြည်ချက်သည် ဘာသာရေး ခေါင်းဆောင်များ၏ အတွေးအခေါ်၊ ရိုးရာဓလေ့၊ ထုံးတမ်းတို့ကို ပင်မ အခြေခံခြင်း မဟုတ်ပဲ၊ သမ္မာကျမ်းစာတော်လာ ဘုရားမြတ်၏ နှုတ်ထွက်စကားမှသာ ဖြစ်ရပေမည်။ ပြောင်းလဲခြင်း ကင်းသော သမ္မာတရားသည်သာ ကျွနု်ပ်တို့၏ လမ်းညွန်စံအဖြစ်၊ သက်ဝင် ယုံကြည်ရန်ထားရာ အဖြစ်ယုံကြည်ကြပါသည်။

၁။ သမ္မာကျမ်းစာ အပေါ်စစ်မှန်သောယုံကြည်ခြင်း။
ကျွနု်ပ်တို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်းတို့သည် ဘုရာမြတ်ရှင် ကိုယ်တော်တိုင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်၍ အမှားအယွင်းမရှိ၊ လုံးဝ ဉဿုံ စစ်မှန်သော သမ္မာတရားများအဖြစ် ယုံကြည်ကြပါသည်။

၂။ သမ္မာကျမ်းစာအပေါ်မှားယွင်းသောယုံကြည်ချက်များ။

က။ အချို့သောသူတို့၏ယုံကြည်ခြင်း။
သမ္မာကျမ်းစာသည် ရာစုနှစ်ပေါင်းများစွာမှ အဆင့်ဆင့်ကူးယူလာကြရသောကြောင့် ရှေးဘိုးဘေးတို့၏ အတွေးအခေါ် အယူအဆ၊ ဒဏ္ဍာရီတို့ကို အခြေခံ ရေးသားထားသော စာအုပ်အဖြစ် ယုံကြည်ကြပြီး၊ ထိုစာအုပ်ကြီးအား ဤသည်မလွဲ ယုံကြည်နာခံရန် မလို၊ ကောင်းမွန် မှန်ကန်သော ကိုယ်ကျင့်တရားအပိုင်းကို လူတို့ရွေးချယ်ပြီး လိုက်နာရန်သာ လိုအပ်လှသည်။

ခ။ အချို့သောသူတို့၏ယုံကြည်ခြင်း။
မျက်မှောက်ခေတ် ကျမ်းတတ်အချို့တို့သည်ကား သမ္မာကျမ်းစာမှ အချို့သော အစိတ်အပိုင်းတို့က ကြားနာသူကို၊ ဖတ်ရွတ်သူကို အသက်ဝင် စကားပြောလာချိန်တွင် ထိုအစိတ်အပိုင်းသည် ဘုရားရှင်၏ နှုတ်တော်ထွက်လာကြောင်း တွေးခေါ်ကြံဆ ယုံကြည်ကြလေသည်၊ တစ်စုံတ ဉီး အပေါ်၌ စကားဆိုလာသော၊ အသက်ဝင်ခြင်းမှသာ နှုတ်ကပါတ်တော် အဖြစ်ယုံကြည်ကြသည်။

ဂ။ အချို့သောသူတို့၏ယုံကြည်ခြင်း။
မျက်မှောက်ခေတ်တွင် ဧဝံဂေလိသမားအချို့က သမ္မာကျမ်းစာ၏ မှုတ်သွင်းခြင်း ဟူသောယုံကြည်ခြင်းမှ လွဲဖယ်နေကြပါသည်၊ သူတို့၏ယုံကြည်ချက်မှာ၊ "သမ္မာကျမ်းစာ၌ ဘုရားစကား ပါရှိသည်" ဟူ၍ဆိုခြင်းဖြစ်သည်။ ယုံကြည်သက်ဝင်ရာအပေါင်းတို့တွင် သမိုင်း၊ သိပ္ပံနှင့်စပ်ဆိုင်သော အရာတို့တွင် ဘုရားရှင်၏ မှုတ်သွင်းခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင် မပါဝင်သကဲ့သို့၊ ကိစ္စတို့တွင် အမှားအယွင်းများ ပါရှိနိုင်ပေသည်။

၃။ နှုတ်တော်ထွက်သမ္မာကျမ်းစာအား ပေးတော်မူခြင်း။

က။ ၆၆ အုပ်သောနှုတ်ထွက်စကား။
 နှုတ်ကပါတ်တော် ဘုရားစကားတို့သည် လူသားတို့ထံ ဖေါ်ပြရန်အတွက် ဘုရားရှင်သည် နေရာဒေသ၊ အလွှာအဆင့် ကွဲပြားသော လူပေါင်း ( ၄၀ )မျှသော ပုဂ္ဂိုလ်တို့အား အသုံးပြုကာ ရေးမှတ်စေခဲ့ပါသည်။ ဘုရားရှင်သည် သန့်ရှင်းသော ဝိညာ ဉ်တော်  ဉပစ္ဈယ်ဆရာအားဖြင့် လူတို့အားလမ်းပြစေ၍ အမှားအယွင်း ကင်းရှင်းစေကာ မှတ်တမ်းတင်စေခဲ့ပါသည်။ အကြောင်းမူကား အနာဂတ္တိစကားသည် လူ့အလိုအလျှောက်အားဖြင့် ဖြစ်ဘူးသည် မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာ ဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏ ( ၂ ပေ၊ ၁း၂၁ )ဟူ၍ မိန့်တော်မူထားပါသည်။ ၂ တိ၊ ၃း၁၆ တွင် "ထိုကျမ်းစာ ရှိသမျတို့သည် ဘုရားသခင်မှုတ်သွင်းတော် မူသောအားဖြင့်ဖြစ်၍ "ဟူ၍၊ ဆာလံ ၁၉းရ တွင် "ထာဝရဘုရား၏ စကားတော်သည် စုံလင်သည်ဖြစ်၍ " ဟူ၍ ဖေါ်ပြထားပါသည်။ ထိုယုံကြည်ခြင်းသည် လုံးဝ ဉဿုံ ဤသည် မလွဲ ဘုရားရှင်၏ နှုတ်တော်ထွက် သမ္မာကျမ်းစာဟူ၍ ယုံကြည်ခံယူချက်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုစစ်မှန်သော ယုံကြည်ခြင်း၏ ဆိုလိုရင်းမှာ သမ္မာကျမ်းစာမှ စကားလုံးတိုင်းသည် အမှားအယွင်းမရှိ ဘုရားရှင်ကိုယ်တော်တိုင် မှုတ်သွင်းထားသော နှုတ်တော်ထွက်အဖြစ်ယုံကြည်လက်ခံခြင်းပင်ဖြစ်သည်။

ခ။ စောင့်ထိန်းတော်မူခြင်း ။
သမ္မာကျမ်းစာ တော်မြတ်သည် နှစ်ပေါင်း ထောင်ချီခဲ့သော အချိန်မှ ရေးမှတ်ခဲ့သည်။ ထို့အတူ အကြိမ်ပေါင်းများစွာ ကူးယူခြင်း ဘာသာစကားပေါင်းများစွာသို့ ဘာသာပြန်ဆိုခြင်းများ ပြုခဲ့သည်။ ထိုအကြောင်းကြောင့်ပင် အချို့သော ပုဂ္ဂိုလ်များက သမ္မာကျမ်းစာသည် နှစ်ပေါင်းများစွာက ကူးယူရာတွင် လိုတိုး၊ မလိုနှုတ်၊ ချန်လှပ်ခဲ့ခြင်းများ စသောအမှားမှား ဖြစ်နိုင်ခြေ ရှိသောကြောင့် လုံးဝတိကျသော နှုတ်တော်ထွက် စကားတော်ကျမ်းစာ အဖြစ်အားကိုး ယုံကြည်၍ မရနိုင်တော့ဟူ၍ပြောဆိုကြလေသည်။ သို့သော် နှုတ်ကပါတ်သမ္မာကျမ်းစာတော်မြတ်က ဘုရားရှင်သည် သူ၏ ဧကဝါစာ စကားတော်ကို အချိန်ကာလနှင့်အမျှ စောင့်ထိန်းတော်မူကြောင်း ဖေါ်ပြပါသည်။ 
 
ဆာလံ ၁၁၉း၈၉ တွင် " အိုထာဝရဘုရား၊ နှုတ်ကပါတ်တော်သည် ကောင်းကင်ဘုံ၌ အစ ဉ်အမြဲတည်ပါ၏ " ဟူ၍ ခရစ်တော်ဘုရား ကိုယ်၌က " ကောင်းကင်နှင့်မြေကြီး မပျက်စီးမည်တိုင်အောင် ၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္တု တစ်လုံးမျ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ "ဟူ၍ မဿဲ ၅း၁၈ တွင် မိန့်တော်မူခဲ့ပါသည်။ ဂလာတိ ၃း၁၆ တွင် အမျိုးအနွယ်နှင့် ဆိုင်သော သမ္မာစကားကတိတော်မြတ်တွင်လည်း ရှင်ပေါလုက အမျိုးအနွယ်ကို ဆိုရာတွင် အနည်းကိန်းဆိုခဲ့ကြောင်း တိတိကျကျဖေါ်ပြခဲ့ပါသည်။ ထိုအရာတို့အားဖြင့် ဘုရားရှင်၏ သမ္မာကျမ်းစာကို လုံးလုံး ယုံကြည်သက်ဝင်ခဲ့ကြောင်း ဖေါ်ပြသည့်နည်းတူ သမ္မာကျမ်းစာအား ကူးယူကြရာတွင် လုံးဝချွတ်ချော် တိမ်းလွဲခြင်း မဖြစ်ခဲ့ပါလေ။

သမ္မာကျမ်းစာ မိတ္တူများစွာရှိသည့်အလျှောက် ယုံကြည်ကိုးစားထိုက်သော သမ္မာကျမ်းစာမြတ် အားဖြင့်အားနည်း အားသာချက်များကို ချိန်ထိုး ယှ ဉ်ကြည့်ခြင်းအားဖြင့် နှုတ်ကပါတ်တော်ကို ယုံကြည်သက်ဝင်သူတိုင်း သတိဝီရိယရှိစွာဖြင့် ကူးယူ ဘာသာပြန်ဆိုခြင်း အမှုကိုပြုနိုင်ကြပါသည်။ ထိုစနစ်ကောင်းအားဖြင့် ဘုရားရှင်က သူ၏နှုတ်တော်ထွက် သမ္မာစကားတော်မြတ်အား စောင့်ထိန်းကာ ကျွနု်ပ်တို့အဖို့သိရှိစေ၍ ယုံကြည်သက်ဝင်စေရန် ပြုတော်မူပါတယ်။

သို့သော်ခေတ် အဆက်ဆက်သမ္မာကျမ်းစာမြတ်ကို မယုံလိုသူတို့ ရှိခဲ့ပါသည်။ မူရင်းသမ္မာကျမ်းစာမြတ် မရှိတဲ့အတွက် သမိုင်းကြောင်းသက်ဝင်ရန် မဖြစ်နို်င်ဟု ဆိုကြသလို၊ သမ္မာကျမ်းစာသည်  ဉပမာ  ဉပမေယျ ဆန်ဆန်နှင့် လက်တွေ့ကျကျ လက်မခံနိုင်ပါ။ သမ္မာကျမ်းစာမှ ရေးသားသူတို့၏ ရည်သန်ချက်ကို ခြုံငုံကာ စာ စကားထက် ဆိုလိုရာကိုသာ နားလည် တတ်ရန်လိုကြာင်း ဆိုကြပေမည်။ သို့တိုင်အောင်လည်း အထက်ပါ အကြံဉာဏ်ပြုချက်တို့သည် လူထုအား သမ္မာတရားမှ သွေဖယ်စေရန် လုပ်ဆောင်ခြင်းမျှသာဖြစ်လေသည်။ တို့ကိုယ်တိုင်ကပင် သမ္မာကျမ်းစာအား ဘုရားရှင်မှုတ်သွင်းထားသော နှုတ်ကပါတ်တော်စကားဟူ၍ လက်မခံလိုကြ။

ဂ။ အလင်းတရားကိုပေးခြင်း။
သမ္မာကျမ်းစာသည် ဘုရားရှင်မှုတ်သွင်းထားသော ဝိညာ ဉ်ရေး စာအုပ်ဖြစ်သောကြောင့် ဘုရားရှင်၏ ဝိညာ ဉ်တော် ကူမခြင်းအားဖြင့်သာ နားလည်နိုင်ပေသည်။ "ဘုရားသခင်သည် မိမိဝိညာ ဉ်တော်အားဖြင့် ငါတို့အားဖေါ်ပြတော်မူ၏၊ ဝိညာ ဉ်တော်သည် ဘုရားသခင်၏ နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏ ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာ ဉ်တော်အရာကို မခံမယူ၊ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟုထင်တတ်၏၊ ထိုအရာတို့ကို ဝိညာ ဉ်တော်အားဖြင့်သာ ပိုင်းခြား နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင် "ဟူ၍ ၁ ကော ၂း၁၀၊၁၄ တွင်ပါရှိသည့် အတိုင်း ဝိညာ ဉ်တော်ဘုရားတည်းဟူသော  ဉပစ္ဈာယ်ဆရာ၏ ကူမတော်မူခြင်းသည် အလင်းတရား ရရှိရန်ဖြစ်ပါသည်။ နှုတ်ကပါတ်တော်မြတ်အား ဖတ်ရှုရာတွင် ရှင်ဘုရင် ဒါဝိဒ်ကဲ့သို့ ဆုတောင်းရန်လိုအပ်လှပေသည်။ "တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည့်အကြောင်း၊ အကျွနု်ပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ " ( ဆာလံ ၁၁၉း၁၈)။ဤကား ယနေ့ထက်ထိတိုင် မှန်ကန်နေသော ထာဝရဘုရား၏ စကားတော်ပင်ဖြစ်လေသတည်း။


နာမတော်မြတ်၌

Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages