Saturday, February 6, 2010

သံဓိဌါန်


မာယာပေါကြွယ် လုနယ်ပယ်တွင်း

ကြောက်လန့် ထိတ်ဖြာ စိတ်ဗျာပါခတ်

ပန်းကွယ်ကြိုးစား ပြုလေငြားလည်း

ဒီဘေးရန်စွယ် ငါမလွတ်နိုင်။

ဓါး၊လှံလက်နက် တွယ်ကာဖက်လျှက်

ထင်ရာတောဆိုင်း ရင်ဆိုင်နွှဲလည်း

ရိုးကြေရေခမ်း ပြုချေစွမ်းပ

ဒီဘေးရန်စွယ် ငါမအောင်နိုင်။

အတ္တအမှား အကျိုးဆက်များသိ

ဝေးစွာရှောင်လေ အလွဲမြေအား

သံဓိဌါန်ချ ပြုကာကြမှ

ဒီဘေးရန်စွယ် အမှန်လွတ်နိုင်မယ် ။ ။