အလှအပမက်တဲ့ညီမလေး
ဘ၀ပေးမလှလည်း
ဓမ္မအတွေးတွေးကာလေ
အမြဲအစဉ်
သတိရှိလေသူမို့ 
ဂုဏ်ယူတယ်ညီမရေ
ဆက်ထိမ်းပါလေ
ဒီအလှတွေ.......
စိတ်အလှကလေ
ပဌမလေမို့ 
ဘယ်သူတွေဘာပြောပြော
အပြင်အလှထက်
အတွင်းအလှတွေ
ထာဝရဝေ
လှပနေဖို့ 
ဒီအကိုမျှော်လင့်
ညီမအတွက်ဒီတသက် .....။
ဘယ်အဝေးရောက်ရောက်
သွေးမဖေါက်နှင့် 
သွေးနီးစေညီမ......
တွေးပါလေအမြဲ
ဒီအဖေ
ဒီအမေ
ဒီအကို
ဒီအမတွေအား
ဂုဏ်ယူပါရစေ
ဝေးရပ်မြေမှမှာလိုက်တယ်လေ
ချစ်ညီမရေ ။ ။