ချစ်တယ်ချစ်တယ်လို့ 
လူတိုင်းကဆို
ပိုတယ်မဆိုလိုပေမဲ့
ဘယ်လိုအချစ်လည်း
လွန်သဲကွဲဘို့ 
နှမငယ်ရေ
သိတတ်ပါစေလေ......
ယုံပါယုံပါ
လူတကာဆိုလာတိုင်း
သံသယမပေးလို
ဆိုရန်မလိုလည်း
ဘယ်လိုလူလည်း
လွန်သဲကွဲဘို့ 
နှမငယ်ရေ
ကြည့် တတ်ပါစေလေ......
ကြည့်ပါသိပါ
မဆိုသာပါလည်း
ပညာသင်နေ
နှမငယ်ရေ
ရေမြေကွာခြား
အိမ်မြေခြားလည်း
အကိုစကား
ရင်ဝယ်ထားက
နှမလိုအင်
ပြည့်ဝမြင်လျှက်
ဖေမေ၀မ်းသာ
အောင်ဆုဖြာမည်
ကြည့်မြင်တတ်စေ
အို....နှမငယ်ရေ ။ ။