Thursday, February 11, 2010

မိဘဂုဏ်ရည်စစ်






မှတ်မထင်တွေး

ရေးရေးမြင်လာ

ဝမ်းလွယ်ကိုးလ

ဖွားဆယ်လ၌

ဖက်ပြိုင်သေမင်း

သွေးသက်နှင်း၍

ရှောင်ရှားဖန်စပ်

ပူပုတ်စ၍

သမီးသားရှေ့ ရေး

ဖေမေမျော်တွေးသည်

သားမောင်ဝန္ဒနာ

ဖေမေ့ မေတ္တာ …….


စေ့စေ့ယှဉ်တွေး

ရှင်းလင်းမြင်လာ

မကောင်းပလပ်

ကောင်းတွေမှတ်ဖို့ 

ချော့ ခြောက်မကင်း

သွန်သင်ခြင်းနှင့် 

မကွာနေ့ ည

စောင့်ေ ဖးမလျှက်

သားသမီးနောင်ရေး

ဖေမေမျော်တွေးသည်

သားမောင်ဝန္ဒနာ

ဖေမေ့ ပညာ ………..


သိထားကျေးဇူး

မြင့်မိုရ်ဦးကို

မကြေဆပ်ရေး

အနန္တရေး

နှိုင်းမယှဉ်သာ

သားစွမ်းရာအား

သားမောင်လူလှ

ဘေးရန်ကင်းပ

ရှင်လူချစ်ခင်

ဂုဏ်တင့် စေတဲ့

သားမောင်ဝန္ဒနာ

ဖေမေ့ကရုဏာ ………..


ဖေမေ့သားမောင်

ခုထိအောင်ပေါ့ 

လိမ္မာရေးခြား

ဘုရားတရားနဲ့ 

ငါ့ အားမျက်ရည်

မကျစေသည်မို့ 

ဂုဏ်ယူဝင့်ကြွိား

ပီတိများနှင့် 

လွယ်ဖွားရကျိုး

နပ်သည့် အမျိုးတဲ့ 

သားမောင်ဝန္ဒနာ

ဖေမေ့ ဝါစာ ။ ။