နှစ်ဟောင်းတွေကုန်လေတိုင်း
အပြစ်ဟောင်းတွေကြေ
နှစ်သစ်မှာ
စိတ်သစ်တွေဖြစ်ဖို့ 
ရေဘယ်လောက်လောင်းလောင်း
စိတ်တွေပြောင်းလည်းခဲ့ ရင်တော့
ရေသာကုန်
စိတ်အညစ်အကြေးတော့ဘယ်ခါမကုန်......
နှစ်သစ်မှာ
စိတ်သစ်နှင့်ဝင်လိုက
မာန်မာနကိုခ၀ါချ
စိတ်အစဉ်ညွတ်ကျိုးလေမှ
အရာရာဟာအသစ်သွင်ကူး
နှစ်သစ်မှာသင်ပျော်မြူးနိုင်မှာလေ.....
ပိုးကြိုးသာကုန်
မောင်ပုံစောင်းမတတ်
ဒီလိုအဖြစ်မရောက်ရလေဘို့ 
အသိကိုအမြဲယှဉ်
ဘုရားကိုသင်တကယ်ခင်လေမှ
အသစ်အသစ်ဆိုတာ
သင်မြင်လာနိုင်လေမှာ....
ဒါကြောင့်
ဒီနှစ်သစ်ကို
ဝင်ကာနွှဲပျော်
ကြိုဆိုနွှဲမယ်ဆိုရင်တော့
အတွင်းကိုသင်
အရင်ဆင်ခြင်ပြင်နော်..။ ။