Sunday, February 14, 2010

ညဉ်ယံအလွန်


မရေမရာတာတွေကိုတော့ မသိချင်မမြင်ခြင်ပေမဲ့ ဘဝဆိုတာ အကောင်းအဆိုးတွေ အမြဲဒွန်တွဲနေလေတော့ လိုသည်ရှိ မလိုသည်ရှိ တွေ့ ကြုံရင်ဆိုင်ရမည်ကား သဘာဝ တရားပေမို့  သူရင်ဆိုင်ရန်အသင့်ပါလေ..
ယခုပင်ကြည့်ပါလေ မကောင်းခိုးဆိုး နေသူတွေကို လူမျိုးတိုင်း တိုင်းနိုင်ငံတိုင်းက မုန်းတီးရွံရှာကြပေမဲ့ ကောင်းသောအရာအတွက် ဘယ်သူတွေကမှ မမုန်းကြပါဘူး ဒါက သဘာဝကြပေမဲ့ အဖြစ်က မနှစ်ကနှင့် လုံးလုံးကို မတူတော့တာကကြည့်ပါတော့ .. ကျုပ်
အသောက်အစား မလုပ် အလောင်းအစားဆိုရင် ဝေးဝေးကရှောင်ပါတယ်၊ အကောင်းကို အယဉ်ဆင့်ဆိုသလို ဒီလို အခြေကနေ လုံးလုံးကောင်းသွားတော့မဲ့ လူကောင်းတကာ့ရဲ့ လူကောင်းလေး ဖြစ်ဖို့  လူသစ်စစ်စစ် ဖြစ်လာချိန်မှာ ပြဿနာဆိုတာက ရောက်ချလာပါလေရော့၊ သူမှားတယ် ကျုပ်မှန်တယ်လို့ မဆိုလိုပါဘူး၊ ဒါပေမဲ့ သေချာရန် ရင်ဖွင့်လိုတာက ဒီလိုရှိပါတယ်..
"အမေဘာကြောင့်သားကို မနှစ်သက်တာလည်းဆိုတာ သားလည်းသိလျှက်နှင့် ဘာ့ကြောင့် သားဒီလောက် မိုက်ချင်ရတာလည်း ကွယ် "
"အမေရယ် သားအခု ဆိုးပေတေ လေလွင့် နေလို့ လား "
"အဲ့လိုတော့ မဟုတ်ပေမဲ့ အခုဘာထူးသေးလည်းကွယ် လူဆိုတာ အသိုင်းနှင့် အဝိုင်းနှင့် နေကြရတဲ့ အချိန်မှာ သားက အားလုံးနှင့်ထူးပြီးနေတာ တော့ သဘာဝ မကျလှပါဘူး နောက်ပြီး အမျိုး ဘာသာ သာသနာဆိုတာ သား သိသိကြီး နှင့်ကွယ် "
" သားမကောင်းတာ လုပ်နေတာဆိုရင်တော့ သားပြင်ဆင်ပါ့မယ် အခုလို့ သက်သက်မဲ့ ဝေဖန်နေတဲ ပါတ်ဝန်းကျင်စကားကြောင့် တော့ သား အမေတို့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ပေမဲ့  ဒီတခါတော့ သားကို ခွင့်လွတ်ပါ အမေ သားဘယ်လိုမှ ပါတ်ဝန်းကျင်ရဲ့ အလိုကို လိုက်ပြီး လုပ်ဆောင်ရန် မတတ်နိုင်ဘူးမေမေ "
 
အခြေအတင် ဆွေးနွေးကြရာ မှ အမေက သူ့ အား ဘာမှ ပြောမရတော့ဘူးလား ဆိုတဲ့အသွင် နှင့် ကြည့်နေတဲ့အမေ့ကို သူစိတ်မကောင်းစွာဖြင့်သာကြည့်နေမိသည။် မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့သည်က ဤအသက်အရွယ် ထိအောင်ပါ။ မိဘကျေးဇူး မဆပ်နိုင်သည့် အဆုံး မိဘ စိတ်ဆင်းရဲအောင်တော့ သူမပြုလုပ်လို ပါ။ ယခုတော့ ခရစ်တော်ဘုရား၏ ဧဝံဂေလိတရားကို ယုံကြည်လက်ခံ လိုက်ခြင်းက ဤမျှ ပြဿနာဖြစ်လာမည် ဟု ထင်မှတ်မထားခဲ့ပါလေ ၊ မိဘတို့ မည်သည် သားသမီးတို့ အား ဆင်စီး၍ မြင်းရံတာကိုသာမြင်ချင်တတ်ကြ သူတွေပေမို့  ပစ္စုပ္ပန်တွင် လူကောင်းဖြစ်နေသည့် ဘဝမှ ယခုဘဝ နောင်ဘဝ တိုင်အောင် သာ၍ကောင်းသွားမည့် ဆုံးဖြတ်ချက်ကို သူ သန္နိဌန် ခိုင်ခိုင်ချခဲ့ရာမှ အစပြုလာရသော အရာပါလေ။
"သား ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလားကွယ်"
" အမေရယ် ဘုရားမှ တပါး အားကိုးရာမရှိလို့  ဆိုထားတာပဲ သား ကိုးကွယ်ပါရစေ သားဘာမှ ပြန်မပြင်နိုင်ပေမဲ့ တနေ့ အမေတို့  သားသဘောကို နားလည်လာမှာပါ အမေ "
"ဘာပဲဖြစ်ဖြစ် သားရေ မိဘစကားနားထောင် ခြင်းကိုတော့ ဘယ်ဘာသာ တရားကမှ တားမြစ်မယ်လို့ အဖေ မထင်ပါဘူး ယေရှုခရစ်ကကော တားမြစ်လေရော့သလား ကွာ "
အိမ်ဉီးခန်း တွင် ထိုင်ပြီး ပြောင်းဖူးဖက် ဆေးလိပ်ကို ဖွာ၍ အားရပါးရ သောက်နေသော အဖေက ဝင်ပြောခြင်းပင် ဖြစ်သည် ၊ အဖြစ်က အများနှင့် မတူ ရိုးရာ အစဉ်အလာ ကိုစွန့် ပယ်ခြင်းအမှု ၊ တိုင်းတပါး အယူကို လက်ခံခြင်း စသဖြင့် တရွာနှင့်တယောက် ထူးကဲ၍ ရူးနေသူအဖြစ်ထင်မှတ်ခံနေရခြင်းပင်ဖြစ်သည်..
" အမေ နှင့်အဖေ ရာ ခရစ်တော် ဘုရားက သားသမီးတို့ သခင်ဘုရား၏ အလိုတော်နှင့် အညီ မိဘစကားကို နားထောင်ကြလော လို့ မိန့် ဆိုထားပါတယ် "
သူ့ စကား အဆုံးမှာ တော့ အဖေက..
" အမေကြီး ရေ မင့်သားကတော့ အယူတိမ်းလို့ နတ်စိမ်းဖြစ်သွားပါပြီကွာ ပြောမနေပါနဲ့ တော့ "
အချိန်တွေ နှင့် အတူ အဖေအမေ တို့ နှင့် ဝေးကွာ နေခဲ့ရသည်က ရက်မှ လ၊ လ မှနှစ် ၊ နှစ်တွေ ပင် ဆယ်ချီခဲ့ရပေပြီ ။ သားနှင့် မိဘ ဆိုသော အဖြစ်က အကြောင်းကြောင့်သာ မသင့်မြတ်မူတွေ ရှိကောင်း ရှိနိုင်ငြားလည်း သွေး ဆိုသည်ကား ဖြစ်တည်ခဲ့ပြီမို့  မခေါ်ချင်နေ၍ ရမည် မတော်ချင်၍ကား မရနိုင်ပါဆိုသလို ၊ တောင်းဆိုး ပလုံးဆိုးသာ ပစ်ကောင်းပစ်မည် သားဆိုး သမီးဆိုးကိုကား ပစ်ရိုးထုံးတမ်း မရှိ ဆိုသော စကားတို့ လည်း သက်သေအဖြစ် ထားရှိ ခဲ့ကြပြီမို့  အမှန် တကယ်တွင်မူကား မိဘက သားသမီးကို မပစ်နိုင်သလို ၊ သားသမီးများကလည်း မိဘများအား အဘယ်မှာလျှင် ကျေးဇူးကန်း မေ့ပစ်နိုင်ပါအံ့နည်း ။ နေ့ ညမပြတ် ဆုတောင်း လျှက်ရှိနေသည်ကိုလည်း ဘုရားမှ တပါး အဘယ်သူကမျှ မသိနိုင်ပါလေတော့ ။
"မင့်အတွက် Register Letter ရောက်နေတယ် နွေဉီး" 
နာကျဉ်းဖွယ် အတိတ်မှ အဖြစ်အပျက် အတွေး တွေအား ရုတ်တရက်ဖြတ်တောက် ပြစ်လိုက်သည်က ရိန်းဇောင်း ( မ် )၏ အသံပင်ဖြစ်သည်္ဇ သူအသာအယာပင် ထိုင်နေရာမှ ညှင်သာစွာ ထလိုက်၍ လက်မှတ်ထိုး၍ စာကို ရယူလိုက်သည်္ဇ ဘာပဲဖြစ်ဖြစ် ရောက်ရှိလာသည့် စာက ဆယ်နှစ်ဆိုသော ကာလအထိ ရောက်လာခြင်းမရှိဘူးသော မွေးသမိခင် မိဘနှစ်ပါးထံမှ စာဖြစ်သည် စာအား သူတုန်ယင်သော လက်များဖြင့် ဖွင့်လိုက်မိသည် အိမ်၌ ဘာအရေးပေါ် ဖြစ်နေပြီလည်းဆိုသော စိုးရိမ်သော အတွေးတို့ က စိတ်ကို ဂဏာ မငြိမ် ဖြစ်စေသည်။
" သား အဖေနှင့် အမေ စားရေးလိုက်ပါတယ် သားထံမှ စာတွေကိုလည်း အမေတို့  ပုံမှန် ရရှိပါတယ် သားရဲ့ သက်သေခံချက်တွေကို အစကတော့ သားပြောတာတွေကို တိုက်ဆိုင်တာလို့  အမေအဖေတို့ ထင်မိပေမဲ့ အချိန်တွေကြာလာသည်နှင့် အမျှ ဒါတွေဟာ တိုက်ဆိုင်တာမဟုတ်ဘူး ဆိုတဲ့ အသိနှင့် အတူ သားပြောတဲ့ ယေရှု အသက်ရှင်ခြင်းမှ တပါး အခြားအကြောင်း အရာ မရှိနိုင်တော့တာ တွေကြောင့် အမေတို့ လည်း စိတ်ထဲမှာ တော်တော်လေးတော့ သားစေတနာ နဲ့ သားအပေါ် လူကြီး ဆိုပြီး အပိုင် ချုပ်ကိုင်ခဲ့မိတာတွေ ကိုတွေးတိုင်း ယူကျုံးမရ ဖြစ်မိကြရပါ တယ်သား သားအပေါ်မှာ အမေတို့  အထင်လွဲ အမြင်လွဲခဲ့ မိတာတွေအတွက် အမေတို့  ကို နားလည်ပေးပါလို့ တောင်းဆိုချင်တယ်္ဇ ဘာပဲဖြစ်ဖြစ် သားနှင့် အတူ အမေတို့ လည်း လောကရဲ့ အသက် သခင်ကယ်တင်ရှင်ကို အတူတကွ ကိုးကွယ်ပါတော့မယ် သား။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော သားပြောခဲ့ဘူးသလို အမေတို့ မိသားစု အားလုံး ယောရှုစကား အတိုင်း ထာဝရဘုးရားကို သာ ကိုးကွယ်ကြရမယ်လို့ မျှော်လင့်ထားကြတယ် ။ သားကျောင်းပြီးရင်သာ အမေတို့ ထံ ပြန်လာခဲ့ပါသား၊ သားညီလေးတွေရဲ့ နောင်ရေးတွေအတွက်လည်း သား မြင်လှည့်စေချင်တယ်သားရေ၊ သားပြန်လာမှ အမေတို့ အားလုံး အတူတကွ ထာဝရဘုရားကို ချီးမွမ်းကြရအောင် ။ သားကိုချစ်တဲ့ အမေနှင့် အဖေ "
နှစ်ချို့ ဝိုင်သည်ကောင်း၏ ဟုသူကြားဘူးသည် ။ယခု နှစ်ချို့ အလွမ်းတွေအား ဆုတောင်းခြင်း တန်ခိုးကြောင့် နှစ်ချို့ မေတ္တာတွေက အားသစ်တွေဖြစ်စေခဲ့သည်္ဇ နှစ်တွေ ကုန်၍ အိမ်အပြန် လမ်းမှာတော့
အကြင်သူသည် ငါ၏နာမ ကြောင့် လယ် ၊ယာ မိဘ တပါးပါးကိုစွန့် ၏ ထိုသူသည် ထာဝရ အသက်နှင့်တူ အဆတရာသော အကျိုးကို ဤလောက၌ ရမည် ဆိုသော ကတိတော်က ရင်မှာ အမှန်နွေးထွေး စေသည်။
"သား ကတော့ အာဃသတ္တိခဲပဲကွ တကယ့်စွန့် စွန့် စားစားနှင့် ဒီလောက်နှစ်တွေကြားမှာ အသက်ရှင်တဲ့ ယေရှုဘုရား အကြောင်းကို အပြောသာမက လက်တွေ့ ကျကျ သက်သေပြခဲ့တယ် ဒါမှ အဖေ့သားကွ "
" အံမယ် ရှင်ပဲ အစကတော့ မင့်သားက အယူတိမ်းလို့ နတ်စိမ်းဖြစ်သွားပြီလေး ဘာလေးနှင့် အခုကြတော့ သူ့ သားတဲ့ တော်တော် တရားပါသလားနော် အဖေကြီးရေ "
" မှားတဲ့အခါလည်း မှားပေမပေါ့ ကွာ ဟဲ.ဟဲ.ဟဲ."
"ဟုတ်တယ် နော် ဒီအမှား မကင်းနိုင်တဲ့ အခြေအနေတွေကြောင့် သခင်ယေရှုဤလောကကို ကြွလာစရာ အကြောင်းတွေ ဖြစ်ခဲ့ရတာ နော် သား "
" ဟုတ်တာပေါ့ အမေ "
"ဟား..ဟား... ဟား "
"ဟား..ဟား..ဟား "
"ဟား ..ဟား.. ဟား "
အမှောင်တွေ သမ်းခဲ့သော အခိုက် အတန့် နှစ်တွေ ကျော်လွန်လာသော မိသားစု အိမ်ကလေးသည် ယခု့  တော့ ဧဝံဂေလိ တရားအလင်းကြောင့် သာယာသော ရီမောသံတွေဖြင့် ပြည်လျှံကာ သယာသော အသံတွေက လှိုင်လှိုင်ကလေး အသွင်ဆောင်နေလျှက် တကယ့် ဆည်းလည်း သံတွေ အဖြစ်ပြောင်းလဲ ခဲ့လေပြ္ဇီ ဓမ္မအဆွေများ ဘဝမောပြေ၍ခိုင်ခန့် ကြပါစေသော်ဝ်။
နာမတော်မြတ်၌
Samuel Soe Lwin