သခင့်ရဲ့အနီးဆုံးလေးမှာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

သခင့်ရဲ့အနီးဆုံးလေးမှာ



သောကတွေဝေ ဆီးနှင်းတွေထူထဲ
ဘယ်လိုပင်ကြုံကြုံ ဘဝရယ်ဖုံစေတော့
ဘာကိုမှမတမ်းတ ရင်မှာလိုချင်စမ်းတာက
သခင်ရယ်.....နီးနီးလေးမှာသာနေပေးပါ......

လောကကြီးကမှောင် လူတွေကပြောင်လှောင်
ဘယ်လိုပင်အကျည်းတန် လောကရယ်ဖန်စေတော့
ဘာကိုမှမခင် ရင်မှာလိုချင်စမ်းတာက
သခင်ရယ်.....နီးနီးလေးမှာသာနေပေးပါ......

အခြေအနေတွေမပေး အခက်အခဲတွေထွေးလျှက်
ဘယ်လိုပင်ဆိုးစေ အဆိုးတွေထပ်ဖန်စေတော့
ဘာကိုမှငါမမြင် ရင်မှာလိုချင်စမ်းတာက
သခင်ရယ်.....နီးနီးလေးမှာသာနေပေးပါ......။ ။


ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages