သိသိ၊မသိသိ
ဘ၀ခရီးတအိအိနှင့်
ရင်ဆိုင်ရာဒုက္ခ
များမြောင်လှလည်း
ကူညီလက်တွဲ
အတူမခွဲတော့
ဂရုပြုသည်ရှိ
ဂရုမပြုသည်လည်းရှိ
မည်သို့အခြေ
ဖြစ်တည်စေတော့
မေတ္တာအပြည့်ဖြင့်
သစ္စာနှင်းချစ်တဲ့
သခင့်အကြင်နာ
ငါ……တိုးသိ၍လာ ။
ပြောပြော၊မပြောပြော
ဘ၀ပင်လယ်မျောတော့
ခရီးစဉ်အတူနှော
စိတ်၊၀ိညာဉ်၊ခန္ဒာနှောတော့
အပေးအယူ
ဖလည်ကူတော့
မှတ်မိသည်ရှိ
မမှတ်မိသည်လည်းရှိ
အဘယ်သို့ဖြစ်စေ
ရှိပါစေတော့
အနေနီးခြင်းဖြင့်
ခန္ဒာနှင်းချစ်တဲ့
သခင့်ဆန္ဒအဖြာဖြာ
ငါ……တိုးသိ၍လာ ။
ကောင်းစားချိန်ရှိ
ခက်ခဲချိန်လည်းရှိ
ကျဉ်လည်ရာဘဝ
ဤလောက၌
လိုရင်သကာ
မလိုရင်တမာအဖြစ်
သခင်နှင့်ငါ
ထားသစ္စာအား
ပျက်ပြားရန်ထွေ
ပြုကြခြေလည်း
နှုင်းမဲ့အံ့ဖွယ်
အဆုံးမဲ့နွယ်ရဲ့
သခင့်မေတ္တာများ
ရင်မှာ……တိုးပွားလျှက်ပါလား။ ။