သူငယ်ချင်း...
ရွှေလင်းယုန်လို
အာကာယံမှာ
ပျော်မြူးစံလျှက်
ဘ၀၀မ်းစာ
လုံလောက်ရန်ဘို့ 
ဌာနေရှစ်ထွေ
မခွဲလေဘူး
ရိုင်းဆိုင်းကြမ်းတမ်း
လေမူန်လမ်းကို
မတွန့် နောက်ပြန်
ရဲရင့်မာန်ဖြင့်
လိုရာရောက်အောင်
သင်စွမ်းဆောင်၏ ၊
လောကဓံရိုင်းကို
ရင်ကော့ဆန်လျှက်
တိုးဝင်ကာနွှဲ
အာဃဇွဲဖြင့်
ကျက်စားမွှေ့ လျှော်
သင်နွှဲပျော်သည်
အားကျဝင့်ထယ်
အို....ရွှေလင်းယုန်ငယ် ။ ။