မေမေ့စကားမှရလာဒ် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

မေမေ့စကားမှရလာဒ်

 
မိဘစကား လေးထားငြားက
ကင်းပအမှား သားယုံစားလျှက်
သိုဝှက်ရင်ဝယ် သကာနှယ်သို့
သားငယ်ကျင့်သုံးလျှက်ပါအမေ.........

ချစ်တဲ့မိခင် သွန်သင်ဆုံးမ
လမ်းပြပို့ဆောင် ဓမ္မဘောင်သို့
ထိုထိုကျိုးဆက် သီးပွင့်ခက်ဝေ
သားငယ်ဘေးကင်းလျှက်ပါအမေ .........

လိုသူကိုမြင် တွဲယှဉ်ဖေးမ
ထူမခေါ်ဆောင် လွှဲကာမရှောင်နဲ့
သွန်သင်စကားမှ ရလာဒ်ပွားဝေ
သားငယ်ဂုဏ်တင့်လျှက်ပါအမေ.......

နိစ္စဓူဝ ဗာဟိရတို့
မျက်သို့မကွယ် ဖယ်ကျဉ်မထား

နိုးကြားလုပ်ဆောင် မြဲဖေါ်အောင်၍
သားငယ်အေးချမ်းလျှက်ပါအမေ ။ ။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages