Saturday, February 6, 2010

သွေးနဲ့ သစ္စာတည်ပါမယ်











ပြန်လည်တွေးကာ

ကြည်နူးသာဆဲ
မှတ်မထင်မြင်
သဲလှိုက်ဘ၀င်စွဲ

မင့်ရဲ့မေတ္တာ
ကရုဏာကား


ရေးဖွဲ့ ၍မမှီ
ပြော၍လည်းမကုန်ပြီ.....

မမြင်ခင်မှာ
အထင်တွေမှား
မင့်ရဲ့ အသွားအလာ
အကျင့်အကြံအား
ကြိုတင်အထင်မှား
ငါတွက်ထားခဲ့
လက်တွေ့ ကြုံလာ
အလွန်မှားတဲ့ငါ .......

အခုတော့
အပြောနဲ့ မဟုတ်
လက်တွေ့ သယုတ်မို့ 
ဘေးပြောတာကိုငါမယုံ
သွေးပြောစကားကိုငါယုံလျှက်
ဘယ်သူဖျက်ဖျက်
မင့် နဲ့ ငါတော့ဘယ်ခါမပျက်ပေါ့....။ ။




ဆယ်မြူရယ်စိုးလွင်