မေမေပေးတဲ့ ဩဝါဒ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

မေမေပေးတဲ့ ဩဝါဒ


သူရိန်မင်းတောင်စွန်းရောက်
သူအလင်းပျောက်တော့
ကုန်ဆုံးနေ့တာ
သိမှတ်တော့သားတော်မောင်။

ဦး၊ဒေါ်၊ဖိုး၊ဖွား
သွားကျိုးဆံဖြူ
ခါးကိုင်းမူတော့
ချဉ်းကပ်မရဏာ
မြင်တတ်ပေါ့သားတော်မောင်။

ဘုရား၊တရားအသိနဲ့တော့
မြောက်ကြွားကြွားလည်းမဖြစ်နဲ့ပေါ့
ထိုအသိဉာဏ်
မိ စ္ဆာများတောင်ရှိတယ်ငမောင်။

တရားဖက်တော့အမျက်ပြေ
ဘုရားဖက်တော့အသက်ရှည်
လက်တွေ့သာလိုက်နာ
ဘေးကင်းတယ်သားတော်မောင်။

မေမေပေးတဲ့သြဝါဒများ
အကျိုးလွန်စွာထူးလှတကား
သမိုင်းတင်ရန်ထိုက်တန်လှ
သားကိုချစ်တဲ့မိခင်မြတ် ။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages